Trending Now

ပုသိမ်မြို့နယ်တွင် လူမှုကွန်ယက်စာမျက်နှာပေါ် နိုင်ငံရေးနှင့် ပတ်သက်သည့် စာရေးတင်သည်ဟု ဆိုကာ တစ်လအတွင်း အဖမ်းခံရသူ ၂၅ ဦး အထိ ရှိခဲ့

Spread the love

ပုသိမ်မြို့နယ်တွင် လူမှုကွန်ယက်စာမျက်နှာပေါ် နိုင်ငံရေးနှင့် ပတ်သက်သည့် စာရေးတင်သည်ဟု ဆိုကာ တစ်လအတွင်း အဖမ်းခံရသူ ၂၅ ဦး အထိ ရှိခဲ့

EPN
ပုသိမ်၊ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြီးခဲ့တဲ့ တစ်လ အတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံရေးနှင့် ပတ်သက်သည့် စာများရေးတင်သည်ဟု ဆိုကာဖမ်းဆီးခံရသူ ၂၅ ဦးအထိ ရှိခဲ့ကြောင်း ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။

လူမှုကွက်ယက်စာမျက်နှာပေါ် နိုင်ငံရေးနှင့် ပတ်သက်သည့် စာသားများကို ရေးတင်ခြင်း၊ မျှဝေခြင်းလုပ်ခဲ့သူများဟု ဆိုကာ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ရက် ၃၀ အတွင်း ဒေသခံ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၆ ဦး ကို သက်ဆိုင်ရာကဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဖမ်းခံရတဲ့သူတွေက လူမှုကွန်ရက်မှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာတင်လိုက်လို့တဲ့၊ နောက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပိုစ့်တွေကို မျှဝေလို့တဲ့၊ အဖမ်းခံရတဲ့သူတွေက သူ့တို့ရဲ့ လူမှုကွန်ရက်မှာ မျှဝေလိုက်တဲ့ပိုစ့်က သတင်းဌာနတစ်ခုရဲ့ ပိုစ့်ပါ၊ သူတို့ ကိုယ်တိုင် ရည်ရွယ်ချက် ရှိရှိလုပ်တာမဟုတ်ပါဘူး၊ တစ်လအတွင်း ဆိုရရှိထားတဲ့စာရင်းတွေအရ အဖမ်းခံရတာလူ ၂၅ ယောက် အထိရှိခဲ့တယ်၊ ဖမ်းခံရသူတွေ ရပ်ကွက်တွေက များတယ်။”ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ် ။

ဖမ်းဆီးခံရသည့်များကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၅၀၅ (က)ဖြင့် အမှုဖွင့် အရေးယူခံထားရသူများပြီးအဖမ်းခံရသူများထဲတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် စာများကို လူမှုကွန်ယက်စာမျက်နှာပေါ် လုံးဝမတင်ပဲ အဖမ်းခံရသူများ ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

”အဖမ်းခံရတဲ့ အထဲမှာ ဘာနိုင်ငံရေးနဲ့မှ မသက်ဆိုင်သူတွေ၊ ဘာနိုင်ငံရေး အကြောင်း အရာကိုမှ လူမှုကွန်ယက်ပေါ် မတင်မိတဲ့သူတွေ အဖမ်းခံရတဲ့အထဲမှာ ပါတယ်၊ ဖမ်းတာ ဆီးတာ လုပ်တဲ့အခါ ဘယ်သူ ဘယ်အဖွဲ့အစည်းပဲ လုပ်လုပ် ငါနဲ့ မတူ ငါ့ရန်သူမလုပ်စေချင်ဘူး၊ ပြည်သူတွေမှာ အချောင် အသတ်ခံရ တာလည်း မနည်းတော့ဘူး။”ဟု ပုသိမ်မြို့ခံတတ်ကြွ လှုပ်ရှားသူ တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်းက မအူပင်၊ ပုသိမ်၊ မြောင်းမြ၊ အိမ်မဲနှင့်
လပွတ္တာ၊ ငပုတော၊ ပန်းတနော်၊ ဟင်္သာတ၊ ဒေးဒရဲ၊ ဟိုင်းကြီးကျွန်း စသည့်မြို့နယ်များတွင် အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီးခံရသူ ဦးရေး ၄၀ နီးပါး အထိရှိခဲ့ ကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။