Trending Now

” အီ ရန် ပြီး ရင် လည်း ဆက် လာ အုံး မှာ ပဲ “

Spread the love

” အီ ရန် ပြီး ရင် လည်း ဆက် လာ အုံး မှာ ပဲ ” 

EPN
ဆောင်းပါး၊ မေ ၁၄

မြောက် ကို ရီး ယား ဘက် ကို အာ ရုံ သိပ် စိုက် ဖို့ မ လို တော့ နောက် တစ် နိုင် ငံ ဖြစ် တဲ့ အီ ရန် အ လှည့် ပေါ့ ။

အ မေ ရိ ကန် နိုင် ငံ က အီ ရန် ကို ထပ် မံ ပိတ် ဆို့ အ ရေး ယူ လိုက် ပြန် ပါ တယ် ။ အီ ရန် သ မ္မ တ ရူ ဟာ နီ က တော့ အ ခု တစ် ခေါက် အ ရေး ယူ တာ အီ ရန် အီ ရတ် စစ် ပွဲ ကာ လ တွင်း က ထက် အ ခြေ အ နေ ပို ဆိုး တယ် လို့ ပြော ခဲ့ တယ် ။

အ မေ ရိ ကန် နိုင် ငံ က အီ ရန် နိုင် ငံ ကို ပြန် လည် ပိတ် ဆို့ အ ရေး ယူ မှု ကို တစ် ခြား နိုင် ငံ တွေ က မ ကူ ညီ ဖူး ဆို ရင် အီ ရန် က လည်း ၂၀၁၅ ခု နှစ် က နျူ သ လော တူ စာ ချုပ် ကို လိုက် နာ ဖို့ ဆိုင်း ငံ့ ထား မယ် လို့ မေ လ ၈ ရက် နေ့ က ကြော ငြာ ခဲ့ တယ် ။

အ မေ ရိ ကန် က ပြီး ခဲ့ တဲ့ တစ် နှစ် လောက် က တည်း က အဲ့ ဒီ စာ ချုပ် မှာ အား နည် ချက် တွေ ရှိ တယ် လို့ ဆို ပြီး နှုတ် ထွက် ထား တယ် ။ အို ဘား မား လက် မှတ် ထိုး ထား တဲ့ အဲ့ ဒီ စာ ချုပ် က အီ ရန် ကို နျူ အ စီ အ စဉ် တွေ မ လုပ် တော့ ရင် ပိတ် ဆို့ ထား တာ တွေ ကို ဖယ် ပေး ပါ မယ် လို့ ပါ တယ် ။

ဒါ ကို ထ ရမ့် လက် ထက် ရောက် လာ တော့ ပိတ် ဆို့ ထား တာ တွေ ကို မ ဖယ် ပေး ချင် လို့ အဲ့ ဒီ စာ ချုပ် က နေ အ ကြောင်း ပြ ပြီး နှုတ် ထွက် ခဲ့ တာ ပါ ။

အ ခု အီ ရန် ကို အ မေ ရိ ကန် က အ လုံး စုံ ပိတ် ဆို့ အ ရေး ယူ ဖို့ စဉ်း စား နေ တယ် ။ လော လော ဆယ် တော့ အီ ရန် က ရေ နံ အ ပါ ဝင် တော် တော် များ များ ကို ပိတ် ထား လိုက် ပြီ ။

ထပ် ပြီး တ ရုတ် က နည်း ပ ညာ ကု မ္ပ ဏီ ခြောက် ခု ကို လည်း အီ ရန် စစ် တပ် ရဲ့ အ စီ အ စဉ် တွေ မှာ အ ကူ အ ညီ ပေး လို့ ဆို ပြီး အ မေ ရိ ကန် က ပိတ် ပင် လိုက် ပြန် တယ် ။ ဆက် စပ် ပြီး ပါ က စ္စ တန် တို့ UAE တို့ က လုပ် ငန်း တွေ လည်း ပိတ် ပင် ခံ ခဲ့ ရ ပါ တယ် ။

လေ ယာဉ် တင် သ င်္ဘော USS Abraham Lincoln ကို လည်း ခ ရို အေး ရှား နိုင် ငံ ကို သွား မယ့် ခ ရီး စဉ် ကို ဖျက် ပြီး အီ ရန် ကို စေ လွှတ် လိုက် တယ် ။ အ ဆင့် မြင့် နျူ ဗုံး တွေ သယ် ဆောင် နိုင် တဲ့ B52 ဗုံ ကြဲ လေ ယာဉ် တွေ ပါ ပို့ ထား တယ် ။

အ မေ ရိ ကန် ရဲ့ အ ကျိုး စီး ပွား ဒါ မှ မ ဟုတ် မ ဟာ မိတ် တို့ ရဲ့ အ ကျိုး စီး ပွား ကို ထိ ခိုက် မယ် ဆို ရင် အီ ရန် နိုင် ငံ ငဲ့ ညှာ မှု မ ရှိ တဲ့ တုံ့ ပြန် မှု နဲ့ တိုက် ခိုက် မှု ခံ ရ မယ် လို့ လည်း သ တိ ပေး လိုက် တယ် ။

အီ ရန် ကို အ မေ ရိ ကန် ပိတ် ဆို့ အ ရေး ယူ ရ တဲ့ အ ကြောင်း က အီ ရန် ရဲ့ ခြိမ်း ခြောက် မှု နဲ့ ပတ် သက် တဲ့ ထောက် လှမ်း ရေး သ တင်း အ ချက် အ လက် ကို တုံ့ ပြန် တာ လို့ ပြော ခဲ့ တယ် ။

အ မေ ရိ ကန် နဲ့ အီ ရန် ပြ ဿ နာ က ၁၉၇၉ ခု နှစ် က အီ ရန် ကျောင်း သား တွေ အီ ရန် မြို့ တော် တီ ဟီ ရန် မှာ ရှိ တဲ့ အ မေ ရိ ကန် သံ ရုံး ကို ဝင် ရောက် တိုက် ခိုက် ပြီး သံ ရုံး ဝန် ထမ်း တွေ ကို ဓား စား ခံ လုပ် တာ က နေ စ တယ် ။

နောက် ပိုင်း အီ ရန် က ဒေ သ တွင်း အင် အား ကြီး နိုင် ငံ ဖြစ် တဲ့ စွန် နီ ခေါင်း ဆောင် ဆော် ဒီ အာ ရေး ဗီး ယား နိုင် ငံ ကို ထိမ်း ချုပ် ဖို့ အ ပါ အ ဝင် တစ် ခြား ရည် ရွယ် ချက် အ မျိုး မျိုး နဲ့ နျူ လက် နက် ပိုင် ဖို့ ကြိုး စား လာ ခဲ့ တယ် ။

အီ ရန် က မြောက် ကို ရီး ယား ကို ဒုံး ကျည် နည်း ပ ညာ ပေး ပြီး နျူ သန့် စင် တဲ့ နည်း ပ ညာ ပြန် လည် တောင်း ခံ ခဲ့ ပါ တယ် ။ ဒီ လို ကိ စ္စ တွေ ကြောင့် လည်း ဆက် တိုက် ဆို သ လို အ မေ ရိ ကန် အ ပါ အ ဝင် အ နောက် နိုင် ငံ တွေ က ပိတ် ဆို့ အ ရေး ယူ မှု တွေ ကို ခံ ခဲ့ ရ တယ် ။

၂၀၁၅ ခု နှစ် မှာ တော့ အီ ရန် က နျူ နဲ့ ပတ် သက် တဲ့ ယူ ရေ နီ ယံ သန့် စင် မှု တွေ က အ စ ရပ် ဆိုင်း ဖို့ စာ ချုပ် ချုပ် ဆို ခဲ့ ရ တယ် ။

အီ ရန် နိုင် ငံ က ပင် လယ် ကွေ့ ဒေ သ မှာ ရှီ ယိုက် မွတ် စ လင် တွေ ကို ကိုယ် စား ပြု တယ် ။ ဆော် ဒီ အာ ရေး ဗီး ယား နိုင် ငံ က စွန် နီ မွတ် စ လင် တွေ ကို ကိုယ် စား ပြု တယ် ။ ဒီ တော့ သူ တို့ နှစ် ယောက် သိပ် မ တည့် ဘူး ။

အ မေ ရိ ကန် က ဆော် ဒီ အာ ရေး ဗီး ယား ကို ထောက် ခံ ထား ပြီး အီ ရန် ကို ဖိ နှိပ် ထား တယ် ။ တစ် ချိန် တည်း မှာ ပဲ စွန် နီ သူ ပုန် တွေ ဖြစ် တဲ့ IS တွေ အ ပါ အ ဝင် အ ကြမ်း ဖက် တွေ ကို လည်း တိုက် ခိုက် နေ တယ် ။

ရှီ ယိုက် တွေ ကို ကိုယ် စား ပြု တဲ့ အီ ရန် ဟာ လည်း IS တွေ အ ပါ အ ဝင် အ ကြမ်း ဖက် တွေ နဲ့ ဆန့် ကျင် ဖက် မှာ ရပ် နေ ပေ မယ့် အ မေ ရိ ကန် နဲ့ ပ လဲ နံ မ မ သင့် ဘူး ။ ရန် သူ ရဲ့ ရန် သူ က မိတ် ဆွေ လို့ ဆို ကြ ပေ မယ့် ISIS ၊ အီ ရန် နဲ့ အ မေ ရိ ကန် တို့ က တော့ သုံး ပွင့် ဆိုင် ဇာတ် လမ်း ပဲ ။ ဆော် ဒီ ပါ ပါ ရင် လေး ပွင့် ဆိုင် ဇာတ် လမ်း ပေါ့ ။

အ မေ ရိ ကန် က သံ ရုံး ဓား စာ ခံ ကိ စ္စ ပြီး ခဲ့ ပေ မယ့် အ ခု ထိ ဖိ နှိပ် ပိတ် ဆို့ နေ သေး တာ ဒေ သ တွင်း အင် အား ကြီး နိုင် ငံ အ ဖြစ် အီ ရန် ကို အ ဖြစ် မ ခံ နိုင် လို့ ပါ ။

ဆော် ဒီ က အ မေ ရိ ကန် နဲ့ အ ကျိုး စီး ပွား အ များ ကြီး ရှိ ထား ပြီး ဖြစ် လို့ ဆော် ဒီ နဲ့ အ ပြိုင် အီ ရန် ကို ခေါင် ထောင် ခွင့် မ ပေး ထား ဘူး လို့ ယေ ဘူ ယျ သတ် မှတ် လို့ ရ တယ် ။

ဒါ ပေ မဲ့ အ မေ ရိ ကန် က အီ ရန် ကို တ ကယ် ပဲ လုံး ဝ ကျ ရှုံး သွား စေ ချင် တာ လား ဆို တော့ လည်း မ ဖြစ် နိုင် ပါ ဘူး ။ ဒေ သ တွင်း မှာ ရှီ ယိုက် အီ ရန် တို့ လုံး ဝ ခေါင်း မ ဖော် နိုင် တော့ ဘူး ဆို ရင် ဆော် ဒီ နဲ့ စွန် နီ တွေ ကို အ မေ ရိ ကန် နိုင် အောင် မ ထိမ်း နိုင် ဘူး ။

နောက် တစ် ခု က အာ ရပ် တွေ အ ချင်း ချင်း ညီ ညွတ် သွား ရင် အ မေ ရိ ကန် ကို ရေ နံ ရောင်း ကြ တော့ မှာ မ ဟုတ် ဘူး ။

ဒါ ကြောင့် အ မေ ရိ ကန် ဟာ အီ ရန် ကို နျူ လက် နက် သာ မ ရ စေ ချင် တာ ပါ ။

အ ခု အ မေ ရိ ကန် ရဲ့ ပိတ် ဆို့ မှု က အ စိုး ရ ကို ထက် ပြည် သူ ကို ပို ထိ ခိုက် စေ တယ် ။ ဒီ လို ကိ စ္စ တွေ ကို လေ့ လာ ရင် အ မေ ရိ ကန် နိုင် ငံ က သူ ကို တစ် ချိန် ချိန် မှာ ပု ခုန်း ချင်း ယှဉ် လာ နိုင် မယ် လို့ အ လား အ လာ ရှိ တယ် လို့ ထင် ရင် အ စော ကြီး ထဲ က ပြ ဿ နာ ရှာ တတ် တယ် လို့ သိ နိုင် တယ် ။

နောက် တစ် ခု က သူ နဲ့ ပ လဲ နံ မ မ သင့် ရင် ( သူ့ အ လို လိုက် ပြီး သူ့ ဖက် က မ ဟုတ် ရင် ) ပြ ဿ နာ ရှာ နေ တာ ပဲ ဆို တာ ကို လည်း မြင် နိုင် တယ် ။ နောက် ထပ် အဲ့ လို နိုင် ငံ မျိုး လို့ ယူ ဆ ရ ရင် ထပ် ပြီး အ ပြစ် ရှာ နေ အုံး မှာ ပါ ။

ဘယ် နိုင် ငံ တွေ အ ပြစ် ရှာ ခံ နေ ရ ပြီး ဘယ် နိုင် ငံ တွေ က အဲ့ လို နိုင် ငံ တွေ လို့ သတ် မှတ် ခံ ရ မ လဲ က တော့ စောင့် ကြည့် ရုံ ပေါ့ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် ) 
—————————————————–


EPN





























Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။