Trending Now

မြစ်ကြီးနားမြို့ရှိ ဒေသခံပြည်သူများအတွက် အသား နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

Spread the love

မြစ်ကြီးနားမြို့ရှိ ဒေသခံပြည်သူများအတွက် အသား နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၅

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဒေသခံပြည်သူများအတွက် အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်များကို ယနေ့ မနက်ပိုင်းက မြစ်ကြီးနား ပြည်နယ်အား/ကာ တိုက်တန်းအနီးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ပြင်ပဈေးနှုန်းထက် သက်သာစွာဖြင့် ရောင်းချခြင်းဖြစ်ပြီး ဝက်သား၊ ကြက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

“အခုက ကုန်ဈေးနှုန်းတွေက အကုန်တတ်နေတာ ဖြစ်နိုင်ရင်တော့ များများ ရောင်းပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ အပြင်မှာက ကြက်ဥ တစ်ထောင်ဖိုး ၄လုံးပဲရတော့တာ အခုဒီမှာတော့ ၆ လုံးလောက်ရတာမျိုးပေါ့” သွားရောက်ဝယ်ယူခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

ရောင်းချပေးခဲ့သည့် အခြေခံစားသောက်ကုန်များမှာ ဝက်သား ၊ကြက်သား၊ ကြက်ဥ ၊ ဘူးသီး၊သခွါးသီး၊ရုံးပတီသီး၊ ကင်ပွန်းချဉ်ရွက်၊ ချဉ်ပေါင်၊ ကင်စွန်းရွက်၊ ဆူးပုတ် စသည့် အခြေခံစားသောက်ကုန်များဖြစ်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။