Trending Now

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ COVID-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးအတွက် အထောက်အကူပြု ပစ္စည်းများပေးအပ်

Spread the love

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ COVID-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးအတွက် အထောက်အကူပြု ပစ္စည်းများပေးအပ်

EPN
မိုးကောင်း၊ မေ ၂၃

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မိုးကောင်းပြည်သူ့ဆေးရုံသို့ COVID-19 ရောဂါ ကာကွယ်ရေး နှင့် ကုသရေးအတွက် အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် ဦးစီးသော တပ်မတော် အရာရှိများသည် မေ(၂၃)ရက် ညနေ(၃)နာရီအချိန်က ကချင်ပြည်နယ် မိုးကောင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ COVID-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးအတွက် အထောက်အကူပြု ပစ္စည်းများဖြစ်သော Protable X-ray Machine (၁)လုံး၊ Surgical Mask (၆၀၀)ခု၊ OT-Cap (၅၀)လုံး၊ Face Shield (၁၅၀)ခု၊ Sodium Hypochloride(၁)ပုံး၊ လက်ဆေး ဆပ်ပြာရည် (၃၅)ဘူး၊Hand Gel (၃၅)ဘူးကို လာရောက်လှူဒါန်းရာ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စံမှ လက်ခံရယူသည်။

“မိုးကောင်း ဆေးရုံကြီးမှာ X-ray ဓါတ်မှန်စက်လိုအပ်တာ သိရတဲ့အတွက် လာရောက် လှူဒါန်းပေးတာ ဖြစ်ပါတယ်”ဟု တိုင်းမှူးဗိုလ်ချုပ်တေဇကျော်မှ ဆိုသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့သည် ဆေးရုံအတွင်းလှည့်ကြည့်ရှုပြီး ဆေးရုံတက်လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားကာ အဟာရစား‌သောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါပေးအပ်လှူဒါန်းပွဲသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ အမှတ်(၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစိုးလှိုင်၊ ဒုစ.က.ခမှူး ဗိုလ်မှူးကြီး ‌ကျော်ခိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆေးရုံအုပ်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး၊ တပ်မတော်အရာရှိများနှင့် ဆေးရုံဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။