Trending Now
သင်္ကြန်ရက်အတွင်း မြစ်ကြီးနား-မန္တလေးပြေးဆွဲလျှက်ရှိသော၊ မြစ်ဆုံမန္တလာ၊ လေအိတ်ရထား၊ RBE,ကားရထားများ ပြေးဆွဲခြင်း ၃ ရက် ခေတ္တရပ်နားမည်
Spread the love
သင်္ကြန်ရက်အတွင်း မြစ်ကြီးနား-မန္တလေးပြေးဆွဲလျှက်ရှိသော၊ မြစ်ဆုံမန္တလာ၊ လေအိတ်ရထား၊ RBE,ကားရထားများ ပြေးဆွဲခြင်း ၃ ရက် ခေတ္တရပ်နားမည်
EPN
မိုးညှင်း၊ ဧပြီ ၃
နှစ်သစ်ကူး အတာသင်္ကြပွဲတော်ကာလ မြစ်ကြီးနား-မန္တလေး လမ်းပိုင်း ပြေးဆွဲလျှက်ရှိသော မြစ်ဆုံ-မန္တလာ၊ လေအိတ်ရထားနှင့် RBE ကားရထားများ ဧပြီ ၁၄ ရက်မှ ဧပြီ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ပြေးဆွဲခြင်း ခေတ္တယာယီရပ်နားမည်ဖြစ်ကြောင်း ယနေ့ ဧပြီ ၃ရက်နေ့တွင် မိုးညှင်းမြို့  မြန်မာ့မီးရထား ပို့ဆောင်ဆက်သွယ်ရေး ဌာနမှ သိရသည်။
မြန်မာ့နှစ်သစ်ကူးရက်ဖြစ်သော ယခုနှစ် သင်္ကြန်ပွဲတော်ရက်အတွင်း ဧပြီလ၁ရက်နေ့မှ (၃)ရက်နေ့အထိ ခရီးသွားဦးရေ သိသိသာသာ ကြီး လက်မှတ်တန်းစီလာရောက်ဝယ်ယူသူ မရှိကြောင်း သာမာန်မျှသာ ရှိကြောင်း သိရသည်။
မိုးမြင့်
———————————————————-
သြင်္ကန်ရက်အတွင်း မြစ်ကြီးနား-မန္တလေးပြေးဆွဲလျှက်ရှိသော၊ မြစ်ဆုံမန္တလာ၊ လေအိတ်ရထား၊ RBE,ကားရထားများ ပြေးဆွဲခြင်း ၃ ရက် ခေတ္တရပ်နားမည်
EPN
မိုးညှင်း၊ ဧပြီ ၃
နှစ်သစ်ကူး အတာသြင်္ကပွဲတော်ကာလ မြစ်ကြီးနား-မန္တလေး လမ်းပိုင်း ပြေးဆွဲလျှက်ရှိသော မြစ်ဆုံ-မန္တလာ၊ လေအိတ်ရထားနှင့် RBE ကားရထားများ ဧပြီ ၁၄ ရက်မှ ဧပြီ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ပြေးဆွဲခြင်း ခေတ္တယာယီရပ်နားမည်ဖြစ်ကြောင်း ယနေ့ ဧပြီ ၃ရက်နေ့တွင် မိုးညှင်းမြို့  မြန်မာ့မီးရထား ပို့ဆောင်ဆက်သွယ်ရေး ဌာနမှ သိရသည်။
“ယခုနှစ်အတာသြင်္ကန်ရက်အတွင်း ကျနော်တို့ ဌာနအနေနဲ့ ခရီးသွားပြည်သူတွေ အခက်အခဲမဖြစ်စေရန် ရထားတွေအကုန် ရပ်နားခြင်းမလုပ်ပါဘူး။ ခေတ္တရပ်နားမဲ့ရထားတွေကတော့ မန္တလာအဆန်(၅၇)အစုန်(၅၈)၊ မြစ်ဆုံအဆန်(၃၇)အစုန်(၃၈)၊ လေအိတ်အဆန်(၃၃)လေအိတ်အစုန်(၃၄)နှင့် RBE)ကားရထားများသာ ခေတ္တယာယီရပ်နားမှာဖြစ်ပါတယ်။ အခါသြင်္ကန်ရက်မှာ လူတိုင်း ခရီးသွားတဲ့လူရှိသလို မသွားတဲ့လူတွေလည်း ရှိတော့ ခရီးသည်တွေ ခရီးသွားနည်းပါးတဲ့ရက်တွေမှာ နားခြင်း ဖြစ်ပြီး၊ ပိတ်ရက်တွေမှာ မီးရထားသန့်ရှင်းရေး လုပ်ဆောင်နိူင်ရန် ရည်ရွယ်၍ ပိတ်ခြင်းဖြစ်ကြောင်း မိုးညှင်းဘူတာရုံပိုင်ကြီး ဦးသိန်းမြက ပြောသည်။
မြန်မာ့နှစ်သစ်ကူးရက်ဖြစ်သော ယခုနှစ် သြင်္ကန်ပွဲတော်ရက်အတွင်း ဧပြီလ၁ရက်နေ့မှ (၃)ရက်နေ့အထိ ခရီးသွားဦးရေ သိသိသာသာ ကြီး လက်မှတ်တန်းစီလာရောက်ဝယ်ယူသူ မရှိကြောင်း သာမာန်မျှသာ ရှိကြောင်း သိရသည်။
မြန့်မာ့မီးရထားပို့ဆောင်ဆက်သွယ်ရေးမှ မြစ်ကြီးနား-မန္တလေးလမ်းပိုင်းအတွက် ပြေးဆွဲလျှက်ရှိသော ကုန်ရထားအပါအဝင်ရထား တစ်ရက်လျှင် အစင်းရေ (၂၄)စင်းမှ၊ (၂၆)စင်းရှိကာ မြစ်ဆုံရထားအမှတ်-၃၇-၃၈သည် ပုဂ္ဂလိကကုမ္မဏီတစ်ခုမှ ပြေးဆွဲလျှက်ရှိသော ရထားဖြစ်ကြောင်း မိုးညှင်းရုံပိုင်ကြီးထံမှ သိရသည်။
မိုးမြင့်
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။