Trending Now

ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဖလား ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ချန်းမောခုန်း လူငယ်အသင်းကို ဒေသအကြီးအကဲများက သိန်း (၁၅၀) ဆုချီးမြှင့်

Spread the love

ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဖလား ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ချန်းမောခုန်း လူငယ်အသင်းကို ဒေသအကြီးအကဲများက သိန်း (၁၅၀) ဆုချီးမြှင့်

EPN
ချီဖွေ၊ ဖေဖော်ဝါရီ ၁၉ (၂၀၂၄)

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ချန်းမောခုန်း လူငယ်အသင်းအား ဒေသအကြီးအကဲများနှင့် ရပ်မိရပ်ဖများ စုပေါင်း၍ သိန်း (၁၅၀) ဆုချီးမြှင့်ပေးအပ်ခြင်းနှင့် ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြောင်း ဘောလုံးအသင်း တာဝန်ရှိသူထံမှ သိရသည်။

ချီဖွေမြို့နယ် အားကစားကွင်းတွင် ချီဖွေခရိုင်အတွင်းက အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ချန်းမောခုန်း လူငယ်အသင်းကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ဒေသအကြီးအကဲများနှင့် ဒေသရပ်မိရပ်ဖများက ကြိုဆိုဂုဏ်ပြုပွဲကို ဖေဖော်ဝါရီ (၁၆) ရက်နေ့က ချန်းမောခုန်ဒေသတွင် ပြုလုပ်ပေးခဲ့ကြောင်း ဘောလုံးအသင်း တာဝန်ခံက ဆိုသည်။

” ဒေသအတွက်‌ မြို့နယ်စီမံအုပ်ချုပ်ရေး ဖလား ပထမဆု ရယူခဲ့တဲ့ လူငယ်တွေအတွက် ဒေသမှာရှိကြတဲ့ အကြီးအကဲတွေ ရပ်မိရပ်ဖတွေက လူငယ်တွေအတွက် သိန်း (၁၅၀) တိတိ ဆုချီးမြှင့်‌ပေးခဲ့ပြီး၊ ကြိုဆိုဂုဏ်ပြုပွဲလေးလုပ်ပေးလို့ ဒေသအကြီးအကဲ အပါအဝင် အားလုံးကို အထူးကျေးဇူးတင်ပါတယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ဘောလုံးပြိုင်တွင် ပထမဆု ရရှိခဲ့သည့် ချန်မောခုန်း လူငယ်ဘောလုံးအသင်းအား လိုအပ်သည့် ရံပုံငွေများထောက်ပံ့ပေးကြသည့် ဦးဇခုန်ယိန်းဆောင်၊ ဦးလာဂျာနှင့် ဒေါ်ဇခုန်ယိန်းမျှော်၊ ဦးဇယ်ဒေါင်၊ ဦးလာဂွေခမ်ဘောမ့် ၊ ဦးဝါ့အေး၊ ဦးဒိန်းကိဘောမ့် (ဘောမ့်မြန် ကုမ္ပဏီ)နှင့် အာလှူငွေများ ဝိုင်းဝန်းကူညီပေးကြသော အလှူရှင်များနှင့် ယင်းဘောလုံးပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးပါသော တာဝန်ရှိသူ အကြီးအကဲများ၊ အဖွဲ့အစည်းနှင့် အားပေးခဲ့ကြသော ချီဖွေဒေသခံ မိဘများ ဝိုင်းဝန်းကူညီပေးကြသည့် အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း အသင်းအုပ်ချုပ်သူ ဦးထွန်းရှိန်ယော်ခေါက ထည့်သွင်းပြောဆိုသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ချီဖွေမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများက ဒေသခံ ပြည်သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ယင်းဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ ဘောလုံးအသင်း (၉) သင်းဖြင့် ပတ်လည်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်း ဘောလုံးပြိုင်တွင် ချန်းမောခုန်း လူငယ်ဘောလုံးအသင်းက (ပထမ)ဆု၊ ချီဖွေ ပြည်သူ့စစ် အသင်းမှ (ဒုတိယ )ဆု၊ ပန်ဝါ ဘောလုံးအသင်းမှ (တတိယ) ဆု အသီးသီးရရှိခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။