Trending Now

မန္တလေးတွင် ယဉ်မောင်းသူအားသတ်ဖြတ်၍ ကားလုယက်ယူဆောင်သွားသူကို ၂ ရက်အတွင်းဖမ်းဆီးရမိ

Spread the love

မန္တလေးတွင် ယဉ်မောင်းသူအားသတ်ဖြတ်၍ ကားလုယက်ယူဆောင်သွားသူကို ၂ ရက်အတွင်းဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၅

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်တွင် အဌားကားယဉ်မောင်းအားသတ်ဖြတ်၍ ကားလုယက်ယူဆောင်သွားသည့် ကျော်သီဟ(ခ)တရုတ်ကြီး ဆိုသူအား အောက်တိုဘာ ၃ ရက်ညပိုင်းတွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်၊ ၆၇ လမ်းနှင့်စက်မှုပန်းခြံလမ်းကြား၌ အောက်တိုဘာ ၂ ရက်ည ၈ နာရီခန့်တွင် အငှားကားယာဉ်မောင်းဖြစ်သည့် ကိုပြည့်စုံထွန်း(၃၀)နှစ် သည် ဝဲရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ယာခြေသလုံးထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့်သေဆုံးနေကာ ကားမှာလည်းပျောက် ဆုံးနေ၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရန် စက်မှုနယ်မြေရဲစခန်းက (ပ)၂၅၅/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများအရ ယာဉ်မောင်းဖြစ်သူ ကိုပြည့်စုံထွန်းသည် ယင်းနေ့နံနက် ၈ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၅၄ လမ်းကြားရှိ “ရွှေသိင်္ဂီ”တည်းခိုခန်းတွင်တည်းခိုနေသူတစ်ဦးမှ မြို့တွင်းဘုရားဖူးရန်ကားငှားသဖြင့် CC-4268 TOYOTA MARK II ကားဖြင့်လိုက်ပါပို့ဆောင်ပေးရာမှ အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

လုံခြုံရေးအဖွဲ့ဝင်များက“ရွှေသိင်္ဂီ”တည်းခိုခန်းသို့ သွားရောက်စစ်ဆေးရာ ယာဉ်ကို ငှားရမ်းခဲ့သူမှာ ကိုကျော်သီဟ ဆိုသူဖြစ်ပြီး ၎င်း၏မိသားစုနှင့်အတူ ယင်းနေ့ည ၆ နာရီက CC-4268 TOYOTA MARK II ကားအားမောင်းနှင်၍ပြန်လည်ရောက်ရှိလာပြီး အခန်းခများရှင်း၍ ထွက်ခွာသွားကြောင်း သိရှိခဲ့ရသည်။

ယင်းနောက် အောက်တိုဘာ ၃ ရက်ညနေ ၅ နာရီတွင် လုံခြုံရေးအဖွဲ့ဝင်များက တောင်ကြီးမြို့ ၊ညောင်ဖြူစခန်းရပ်ကွက်၊အနောက်မြို့ပတ်လမ်းရှိ ကားရေဆေးဆိုင်အတွင်း၌ ပျောက်ဆုံးနေသည့် ကားအား ရှာဖွေတွေ့ရှိခဲ့ပြီး စီးနင်းလာသူများသည် အနောက်မြို့ပတ် လမ်းပေါ်ရှိ “လစ်ဗင်းကာလာ”တည်းခိုခန်း၏ အခန်းအမှတ်(၂၀၂)၌တည်းခိုနေကြောင်း စုံစမ်း သိရှိခဲ့ရသည်။

အခန်းအတွင်းဝင်ရောက်ရှာဖွေခဲ့ရာ ကျော်သီဟ (ခ)တရုတ်ကြီး၏ ဇနီးဖြစ်သူမဝေဝေနွယ်နှင့် သားဖြစ်သူတို့အားတွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ကျော်သီဟ(ခ)တရုတ်ကြီးအား ည ၈ နာရီ ၄၅ မိနစ်တွင် ယင်း တည်းခိုခန်းအပေါ်ထပ် ရေတိုင်ကီအတွင်းမှဖမ်းဆီးရမိခဲ့သည်။

ကျောာ်သီဟ(ခ)တရုတ်ကြီး၏ ထွက်ဆိုချက်အရ ၎င်းသည် အလုပ်အကိုင်မရှိဘဲ မိသားစုနှင့်အတူ “ရွှေသိ” တည်းခိုခန်း၌ စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ တည်းခိုနေထိုင်ကာ သုံးစွဲရန် ငွေမရှိသဖြင့် ငွေရရှိရန် မော်တော်ယာဉ်တစ်စီးအား ငှားရမ်းအသုံးပြု၍ မော်တော်ယာဉ်အား ယာဉ်မောင်းအလစ် မောင်းနှင်ထွက်ပြေးယူဆောင်ရောင်းချရန် စီစဉ်ခဲ့သော်လည်း အလစ်သုတ်ပြေးရန် အခွင့်မသာသဖြင့် ယာဉ်မောင်းကို ဓားဖြင့်ထိုးသတ်ပြီးနောက် အလောင်းအား စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူနှင့်အတူ လုယက်ယူဆောင်သွားသည့် CC-4268 TOYOTA MARK II ကား၊ ကားနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ကိုပြည့်စုံထွန်း၏ မှတ်ပုံတင်၊ကားလိုင်စင်နှင့်အဝတ် အထည်များကိုလည်း ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဆောင်
May be an image of 1 person, car and text

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။