Trending Now

အင်းတော်ကြီးဒေသ၌ တပို့တွဲလပြည့်‌နေ့တွင် ထမနဲဆွမ်းတော်များ ဆက်ကပ်လှူဒါန်း

Spread the love

အင်းတော်ကြီးဒေသ၌ တပို့တွဲလပြည့်‌နေ့တွင် ထမနဲဆွမ်းတော်များ ဆက်ကပ်လှူဒါန်း
EPN
အင်းတော်ကြီး၊ ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ကျေးရွာများတွင် နှစ်စဉ် တပို့တွဲလ ရောက်တိုင်း အဖိတ်နေ့တွင် မြန်မာ့ရိုးရာ ထမနဲထိုးပွဲများ ကျင်းပလေ့ရှိပြီး လပြည့်နေ့ နံနက်ပိုင်းတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ထမနဲဆွမ်းတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
ယခုနှစ်တွင်လည်း အင်းတော်ကြီးဒေသ ကျေးရွာများတွင် တပို့တွဲလ ထမနဲထိုးပွဲနှင့် လပြည့်နေ့တွင် သံဃာတော်အရှင်သူမြတ်များကို ထမနဲ အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းကို အစဉ်မလာမပျက် ကျင်းပပြုလုပ်ခဲ့သည်။
“ကျနော်တို့ ကျေးရွာတွေမှာ ကျနော်တို့ အစီအစဥ်နဲ့ကျေးရွာ အလှူရှင်များက လှူဒါန်းပေးတဲ့ ကောက်ညှင်းဆန် ဆီ ငွေ ရွာသူရွာသားတွေ လှူဒါန်းပေးတာတွေကို စုပေါင်းပြီး တပို့တွဲလ ၁၄ရက်နေ့ ညမှာတော့ ရွာဦးကျောင်းမှာ ရွာသူရွာသားတွေ စုပေါင်းညီညာစွာနဲ့ အိုးစည်ဒိုးပတ်များနဲ့ ပျော်ရွှင်စွာ စုပေါင်းထမနဲထိုးကြတယ်။
တပို့တွဲလဆန်း ၁၅ရက်နေ့ မနက်အာရုဏ်တက်ချိန်မှာတော့ သူရွာကိုယ့်ရွာမှာ တည်ထားကိုးကွယ်ထားတဲ့ဘုရားဆွမ်းတော်နဲ့သံဃာတော်အရှင်သူမြတ်တွေကို ထမနဲဆွမ်းကပ်လှူဒါန်းကြတယ်။ ဒါက ကျနော်တို့ဒေသရဲ့ချစ်စရာ ရိုးရာအစဥ်အလာမပျက် နှစ်စဥ်ပြုလုပ်နေကျပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ အင်းတော်ကြီးဒေသက ကျေးရွာများတွင်လည်း ထမနဲထိုးခြင်း ဘုရားဆွမ်းတော် ကပ်လှူပူဇော်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများကို တပို့တွဲလပြည့်နေ့၌ နှစ်စဥ် ဗုဒ္ဓဘာသာဝင် ဒေသခံတိုင်းရင်းသားများက ပြုလုပ်‌လေ့ရှိသည်။
နေကြာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။