Trending Now

သီရိလင်္ကာ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ ဘင်္ဂါလီ ၁၀၄ ဦးကို ရေတပ်က ကယ်ဆယ်ထား

Spread the love

သီရိလင်္ကာ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ ဘင်္ဂါလီ ၁၀၄ ဦးကို ရေတပ်က ကယ်ဆယ်ထား

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀

သီရိလင်္ကာရေတပ်ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က သီရိလင်္ကာ ရေပိုင်နက်အတွင်းမှာ စက်လှေတစ်စီးနဲ့ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံက ဘင်္ဂါလီ ၁၀၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရေတပ်က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစက်လှေဟာ မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို ထွက်ခွာလာစဉ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပွားပြီးနောက် ပင်လယ်ထဲမှာ မျှောပါကာ ဒီဇင်ဘာ ၁၇ ရက်နေ့က သီရိလင်္ကာ ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာလို့ ရေတပ်က ပြောပါတယ်။

ရေတပ်က ကယ်ဆယ်ခဲ့သူတွေ အားလုံးကို ကန်ကဆန်သူရိုင်ဆိပ်ကမ်းကို ခေါ်ဆောင်ကာ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပြီး လူအားလုံးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံသို့ လွဲပြောင်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ထားသူတွေထဲမှာ အမျိုးသမီး ၃၉ ဦးနဲ့ အရွယ်မရောက်သေးသူ ၂၃ ဦးပါဝင်ပြီး အသက် ၈၀ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်နှစ်ဦး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

— ကိုးကား —
navy.lk
Ref; Navy comes to the aid of 104 distressed Myanmar nationals in Sri Lanka’s waters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။