Trending Now

မွန်တီနီဂရိုးနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ကင်းစင်ပြီဟု ကြေညာ

Spread the love

မွန်တီနီဂရိုးနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ကင်းစင်ပြီဟု ကြေညာ

EPN
နိုင်ငံတကာ၊ မေ ၂၆

လူနာအားလုံးကို ကုသပေးပြီးနောက် မွန်တီနီဂရိုးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သောတိုင်းပြည် တစ်ခု ဖြစ်လာခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်း (IPH) က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ သည်။

မွန်တီနီဂရိုးနိုင်ငံမှာ ဉရောပတိုက် အရှေ့တောင်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို နောက်ဆုံးအ တည်ပြုသည့် တိုင်းပြည်ဖြစ်ခဲ့သော်လည်း ရောဂါမဖြစ်ပွားမီကတည်းက ရက်ပေါင်းများစွာကြာ တင်းကျပ်သော ကန့်သတ်ချက်များ သတ်မှတ်ခဲ့သည်။

မွန်တီနီဂရိုးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာ ၃၂၄ ဦး၊ ရောဂါသက်သာသူ ၃၁၅ ဦးနှင့် သေဆုံး သူ ကိုးဦးရှိခဲ့သည်။ ထိုသို့ ကြေညာပြီးနောက် မွန်တီနီဂရိုးဝန်ကြီးချုပ် ဒတ်စ်ကိုမာကိုဗက်က တိုက်ရိုက် ထုတ်လွှင့် သည့် သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအောင်မြင်မှုအတွက် နိုင်ငံသားများ အားလုံးနှင့် အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားပါက ကိုင်တွယ်ဖြေရှင်းနိုင်သည့် လိုအပ်သော ပစ္စည်းကိရိယာအားလုံး ရှိကြောင်း မာကိုဗက်က ပြောသည်။ စီးပွားရေးကိုပံ့ပိုးရန် အစိုးရက တတိယအဆင့် အစီအမံများ ချမှတ်မည်ဟု ၄င်းက ကြေညာခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ၏ စီးပွားရေးအကျိုးဆက်များ ကိုင်တွယ်ဖြေရှင်းရန် စီးပွားရေးလုပ်ငန်းများ၊ အိမ် ထောင်စုများသို့ ပံ့ပိုးကူညီမည့် အစီအမံများ အစိုးရက ဆောင်ရွက်ခဲ့သည်။ ပထမအဆင့် စီးပွားရေးကူညီမှုအစီအ စဉ်မှာ ယူရို ၁ ဒသမ ၃ ဘီလီယံနှင့် ဒုတိယအဆင့်မှာ ယူရို ၇၅ သန်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တိုးမြှင့်လာသေ အသုံးစရိတ် ကာမိစေရန် အစိုးရက ဘဏ်များထံမှ ယူရို သန်း ၂၅၀ ချေးယူခဲ့သည်။ ထပ်တိုး ဘတ်ဂျက်ကွာဟချက်မှာ ယူရို သန်း ၁၀၀ မှ ယူရို သန်း ၁၅၀ အထိ ရှိ သည်။

–ကိုးကား–
intellinews
Ref; Montenegro declares itself coronavirus-free state


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။