Trending Now

တနိုင်းမြို့နယ်တွင် စစ်ရေးတင်းမာနိုင်သည့်အတွက် ပြည်သူများ သွားလာရခက်ခဲနေ

Spread the love

တနိုင်းမြို့နယ်တွင် စစ်ရေးတင်းမာနိုင်သည့်အတွက် ပြည်သူများ သွားလာရခက်ခဲနေ

EPN
မြစ်ကြီးနား၊ ဧပြီ ၅ (၂၀၂၄)

ကချင်ပြည်နယ် တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် စစ်ရေးတင်းမာနိုင်ခြေ ရှိသည့်အတွက် ပြည်သူများ သွားလာရခက်ခဲနေကြောင်း သိရသည်။

တနိုင်းမြို့နယ်ရှိ နမ့်ကွမ်းကျေးရွာဒေသဘက်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့များ အင်အားတိုးချဲ့ ထိုးစစ်ဆင်မှုများ ရှိလာသည့်အတွက် တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြပြီး၊ သွားလာရာတွင်လည်း လွတ်လပ်မှုမရှိကြောင်း ကျေးရွာနေ ပြည်သူတစ်ဦးထံမှ သိရသည်။

” အခြေအနေက တိုက်ပွဲဖြစ်နိုင်ခြေ ရှိတယ်။ KIA ဘက်က တပ်သားအင်အားဖြည့်နေတယ်ဆိုပြီး ပြောတာကြားရတယ်။ ဒါကြောင့် ရွာကလူတွေက တိုက်ပွဲဖြစ်နိုင်တယ်ဆိုပြီး ပြင်ဆင်ထားတဲ့သူတွေ ရှိတယ်။ တောင်ယာတို့ တစ်ခြားကျေးရွာတွေမှာသွားဖို့ ပြင်နေကြတယ်။ ဟိုဟိုဒီဒီ သွားဖို့လည်း စိုးရိမ်ေ ရတယ် ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်နိုင်ခြေနိုင်ခြေ ရှိသည့်အတွက်‌ ဒေသခံပြည်သူများ နီးစပ်ရာ ကျေးရွာများနှင့် မိမိလယ်ယာများသို့ ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် နမ့်ကွမ်းကျေးရွာ ရွှေမှော်ဘက်ရှိ တပ်မတော်ရှေ့တန်းစခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ စတင်တိုက်ခိုက်ခဲ့မှု ကြောင့် နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။