Trending Now

မုံရွာ – ရေဦးကားလမ်းပေါ်က စိုင်ပြင်တိုးလ်ဂိတ်ကို အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ပြီး ၊ ဝန်ထမ်းဆောင်တွေ မီးရှို့ဖျက်ဆီး

Spread the love

မုံရွာ – ရေဦးကားလမ်းပေါ်က စိုင်ပြင်တိုးလ်ဂိတ်ကို အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ပြီး ၊ ဝန်ထမ်းဆောင်တွေ မီးရှို့ဖျက်ဆီး
EPN
ဒီပဲယင်း ၊ ဖေဖော်ဝါရီ ၊ ၁၄
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့နယ်ခွဲ ၊ မုံရွာ – ရေဦးကားလမ်းမှာရှိ ဆုထူးပန် ဆောက်လုပ်ရေး ကုမ္မဏီပိုင် စိုင်ပြင် တိုးလ်ဂိတ်ကို အကြမ်းဖက်သမားတွေက အခုလ ၁၃ ရက် ၊ မနေ့က နေ့ခင်းပိုငိးမှာ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ဝန်ထမ်းနေအိမ် လိုင်းခန်းတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့် စိုင်ပြင်မြို့ခံတွေထံက သိရရပါတယ်။
” စိုင်ပြင်မြို့နယ်ခွဲရဲ့တောင်ဘက် ၂ မိုင်မှာရှိတဲ့ ရေဦး မန္တလေး မုံရွာ ကားလမ်းပေါ်က BOT စနစ်နဲ့ လမ်းတံတား အသုံးပြုခ ကောက်ခံနေတဲ့ စိုင်ပြင်တိုးလ်ဖလာဇာကို အကြမ်းဖက်သမား လူ ၅၀ လောက်က မနေ့ မနက် ၁၀ နာရီလောက္မှာ ရောက္လာပြီး လက်လုပ်ဗုံးတွေနဲ့ ပစ်ပေါက်တိုက်ခိုက်တယ် ၊ ဝန်ထမ်းနားနေဆောင်နဲ့ လေသာဆောင်ကို မီးရှို့ဖျက်ဆီးသွားတာ ” လို့ စိုင်ပြင်နယ်ခံ တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် အခုလ ၁၂ ရက် မနက်ပိုင်းကလည်း မုံရွာ ရေဦးကားလမ်းပေါ်က ဘုတလင်မြို့နယ် ဇီးတောကြီး တိုးလ်ဂိတ်ကို အကြမ်းဖက်သမား လူ ၃၀ ကျော်က မိုင်းခွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
မန္တလေး ၊ မုံရွာ ၊ ရေဦး ကားလမ်းဟာ အရင်က လမ်းကျဥ်းမြှောင်းပြီး ၊ ဆိုးဝါးလွန်းတာကြောင့် မကြာခဏ ယာဥ်မတော်တဆမှုတွေဖြစ်ကာ ခရီးသွားတချို့ အသက်သေဆုံးခဲ့ရပါတယ်။
အဲ့ဒါကြောင့် လမ်းတံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို BOT စနစ်နဲ့ လမ်းတံတား ဆောက်လုပ်ရေး ကုမ္မဏီများကို ငှားရမ်းချထားပေးခဲ့တာ ဖြစ်ပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။