Trending Now

လူနာအမှတ် ၂၄၅နှင့် ထိတွေ့ခဲ့သည့် မြစ်ကြီးနား စက်မှုဇုန်ရပ်ကွက်က လူရှစ်ဦးရောဂါပိုး မ​ေတွ့

Spread the love

လူနာအမှတ် ၂၄၅နှင့် ထိတွေ့ခဲ့သည့် မြစ်ကြီးနား စက်မှုဇုန်ရပ်ကွက်က လူရှစ်ဦးရောဂါပိုး မ​ေတွ့

EPN
မြစ်ကြီးနား၊ ဇွန် ၁၇

COVID – 19 ပိုးတွေ့ လူနာ ၂၄၅ နှင့် ထိတွေ့ခဲ့သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်က အသွားအလာ ကန့်သတ်ထားတဲ့ လူရှစ်ဦး၏ ဆေးစစ်ချက်အ​ဖြေမှာ Negative ထွက်ထားကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

လူနာအမှတ် ၂၄၅နှင့် ထိတွေ့ခဲ့သည့် ကိုမောင်တိုင်း ကားဝပ်ရှော့ က လူ(၅)ဦးနှင့် လက်ရာ ထမင်းဆိုင်က လူ(၃)ဦးတို့ကို ဇွန်လ ( ၁၁)ရက်နေ့က Home Quarantine ထားရှိခဲ့ပြီး ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကို အမျိုးသားဓာတ်ခွဲခန်းဌာန (NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ Negative ထွက်ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။

“သူတို့အကုန် Negative ပဲ။ မနေ့ကထွက်ထားတယ်။” ဟု ဦးသန်းဝင်းက ပြောသည်။
Negative ထွက်သည့်အတွက် ယင်းလူရှစ်ဦးအား ကန့်သတ်မှုဖြေလျော့ရန်နှင့် ပိတ်ထားသည့် ကားဝပ်လျော့နှင့် ထမင်း ဆိုင်ကိုပုံမှန်အတိုင်း ပြန်လည် ဖွင့်ခွင့်ပြုတော့မည်ဖြစ်ပြီး စတင်ခွင့်ပြုမည့်နေ့ကို မသတ်မှတ်ရသေးကြောင်း သိရသည်။

လူနာအမှတ် ၂၄၉ သည် မြစ်ကြီးနားမြို့နယ်၊မြစ်ဆုံဒေသ အထက်ပိုင်း တွင် လမ်းလုပ်ငန်းလုပ်ကိုင်ခဲ့ဖူးပြီး ယင်းလမ်းလုပ်ငန်းမှ ၎င်းနေရပ် (ရှမ်းပြည်တောင်ပိုင်း)အပြန်လမ်းတွင် အဆိုပါကားဝပ်ရှော့၌ ကားဝင်ပြင်ခြင်း၊ ထမင်းဆိုင်၌ ထမင်းဝင်စားခဲ့ရာမှ ထိတွေ့ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် လက်ရ်ှိအချိန်ထ်ိ COVID 19 ပိုးတွေ့လူနာ နှစ်ဦးအထိရှိခဲ့သော်လည်း ပထမဥိီးဆုံးတွေ့ခဲ့သည့် လူနာအမှတ် ၁၄၄ သည် ပြန်လည်သက်သာပျောက်ကင်းသွားပြီ ဖြစ်သည်။

ယခု ဒုတိယမြောက် လူနာ အမှတ် ၂၄၉ကို ဇွန်လ ၁၁ရက်နေ့ နံနက်ပိုင်းက ပိုးတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အဆိုပါ လူနာ အမှတ် ၂၄၉ သည် ဗန်းမော်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။