Trending Now

က.ည.န လိုင်စင်အခွန်နှုန်းများ သုံးဆ မြင့်တက်ရန် ပြင်ဆင်

Spread the love

က.ည.န လိုင်စင်အခွန်နှုန်းများ သုံးဆ မြင့်တက်ရန် ပြင်ဆင်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၁

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ကောက်ခံလျက်ရှိသည့် အခငွေနှုန်းထားများသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့ သည့်အတွက် စက်တင်ဘာ ၁၃ ရက်နေ့မှစတင်၍ သုံးဆတိုးမြင့်ကောက်ခံရန် လျာထားပြီဖြစ်ကြောင်း သတင်းရရှိသည်။

အခြေခံလစာနှုန်း များသည် ယခင်ကထက်တိုးမြှင့်လာခြင်း၊ ယာဉ်စီးရေသည်လည်း ယခင်ထက်များစွာ တိုးမြှင့်လာ သည့်အပြင် ယာဉ်တန်ဖိုးများလည်းမြင့်တက်လာခြင်းနှင့် နိုင်ငံတော် ဝင်ငွေ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် ဌာန၏ ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်းထားများကိုလည်း ထပ်မံတိုးမြှင့်ကောက်ခံသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလိုင်စင်အခွန်နှုန်းများ တိုးမြင့်ကောက်ခံရေးကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တင်ပြထားပြီဖြစ်ကြောင်းသိရသည်။

ကေကေ
photo-crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။