Trending Now

ကွက်မျက်မှုဟာ အလွန်တရာ ပြစ်တင်ရှုံ့ချဖွယ်ဖြစ်တယ်လို့ အာဆီယံဥက္ကဋ္ဌက ပြောကြား

Spread the love

ကွက်မျက်မှုဟာ အလွန်တရာ ပြစ်တင်ရှုံ့ချဖွယ်ဖြစ်တယ်လို့ အာဆီယံဥက္ကဋ္ဌက ပြောကြား

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

တက်ကြွလှုပ်ရှားသူလေးဦးကို မြန်မာစစ်အစိုးရက ကွပ်မျက်လိုက်တာဟာ အလွန်တရာ ပြစ်တင်ရှုံ့ချဖွယ်ဖြစ်ပြီး နိုင်ငံတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ်ဆောင်ဖို့ လုံးဝဆန္ဒမရှိတာကို ဖော်ပြလိုက်တာဖြစ်တယ်လို့ အာဆီယံဥက္ကဌ ဟွန်ဆန်က ပြောကြားလိုက်ပါတယ်။

ဖြိုးဇေယျာသော်အပါအဝင် လေးဦးကို ပြစ်ဒဏ်စီရင်လိုက်ပြီဖြစ်ကြောင်း န.စ.က ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဇူလှိုင်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး ပြစ်တင်ပြောဆိုခဲ့တာပါ။

ကမ္ဘောဒီးယားက ကွပ်မျက်ခံရခြင်းအတွက် အလွန်စိတ်မကောင်းဖြစ်ပြီး အလွန်စိတ်ပူပန်မိကြောင်းနဲ့ ကွပ်မျက်မှုဟာ အာဆီယံ ဝန်ကြီးများ အစည်းအဝေး မတိုင်မီ တစ်ပတ်အလိုမှာ ဖြစ်ပေါ်လာတဲ့ ဆုတ်ယုတ်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း မြန်မာ့အရေးကို ငြိမ်းချမ်းစွာ အားလုံးပါဝင်တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ ဆက်လက် တောင်းဆိုသွားမှာဖြစ်ကြောင်း အာဆီယံဥက္ကဌ ဟွန်ဆန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။