Trending Now

ေျမစာေလ်ွာက်မႈျဖစ္စဥ္တြင္ ေရမေဆးေက်ာက္ရွာ သူတစ္ဦး ေရေအာက္နစ္ျမ ုပ္ရာမွ ျပန္ေပါ ္

Spread the love

ေျမစာေလ်ွာက်မႈျဖစ္စဥ္တြင္ ေရမေဆးေက်ာက္ရွာ သူတစ္ဦး ေရေအာက္နစ္ျမဳပ္ရာမွ ျပန္ေပၚ
EPN
ဖားကန္႔၊ေဖေဖာ္ဝါရီ၁၀

ဖားကန္႔ၿမိဳ႕နယ္၊လံုးခင္းအုပ္စု၊ေမွာ္စီစာေက်းရြာအနီးရွိ ေျမစာစြန္႔ပစ္သည့္ေနရာတြင္ ေျမစာေလ်ွာက်ရာမွ စြန္႔ပစ္ေျမစာနွင့္အတူ ေရမေဆးေက်ာက္ရွာေဖြသူတစ္ဦး ေရေအာက္နစ္ျမ ုပ္သြားရာ
ေဖေဖာ္ဝါရီ(၁၀)ရက္ နံနက္ (၈း၁၀)နာရီအခ်ိန္က ျပန္ေပါ ္လာခဲ႔ၿပီ ျဖစ္ေၾကာင္းသိရသည္။

ေျမစာေလ်ွာက်မႈျဖစ္စဥ္တြင္ ေပ်ာက္ဆံုးေနသူနွစ္ေယာက္ရွိခဲ႔ၿပီး ယေန ့နံနက္ပိုင္းတြင္ တစ္ဦးျပန္ေပါ ္လာခဲ႔ရာ၊သက္ဆိုင္ရာအုပ္ခ်ဳပ္ေရး၊မီးသတ္တပ္ဖြဲ႔ဝင္မ်ား၊သဂၤဟလူမႈကူညီေရးအဖြဲ႔တို႔ပူးေပါင္း၍ ေသဆံုးသူ ရုပ္အေလာင္းအား ဝိုင္းဝန္းဆယ္ယူ၍ နံနက္(၉း၁၀)အခ်ိန္တြင္ လံုးခင္းတိုက္နယ္ေဆးရံုသ္ို ့ပို႔ေဆာင္ေပးခဲ႔ေၾကာင္း ေမွာ္စီစာအုပ္ခ်ဳပ္ေရးရံုးမွ အတည္ျပဳေျပာၾကားသည္။

ေသဆံုးသူမွာ ကိုသိန္းေဇာ္၊အသက္(၂၆)နွစ္၊(ဘ)ဦးေသာင္းေအး၊ထန္းပင္ဆိပ္ရြာ၊တန္႔ဆည္ေဒသမွျဖစ္ၿပီး၊လက္ရွိေနထိုင္ခဲ႔သည့္ေနရပ္မွာ ေမွာ္စီစာေက်းရြာ၊ေစ်းကုန္းတြင္ ေနထိုင္သူျဖစ္ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္နွင့္ပါတ္သတ္၍ တရားဝင္လူေပ်ာက္တိုင္ၾကားထားသူနွစ္ဦးရွိရာ၊ယၡဳအခါ တစ္ဦး၏ရုပ္အေလာင္းကိုေတြ႔ရွိခဲ႔ၿပီး၊က်န္တစ္ဦးကိုလည္း ဆက္လက္ရွာေဖြေစာင့္ၾကည့္သြားမည္ျဖစ္ေၾကာင္း၊အခင္းျဖစ္ပြါးခ်ိန္တြင္ ေရမေဆးသမားမ်ား၏ဆိုင္ကယ္အစီး(၃၀)ခန္႔ သိမ္းဆည္းထားသည္မွာလည္း မဟုတ္၊မမွန္ေၾကာင္းကိုလည္း ေမွာ္စီစာအုပ္ခ်ဳပ္ေရးရံုးမွသိရသည္။
ေနာင္ရိုး
ဓါတ္ပံု#crd#လံုးခင္းဆံုမွတ္
————————————————————
မြေစာလျှောကျမှုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာ သူတစ်ဦး ရေအောက်နစ်မြ ုပ်ရာမှ ပြန်ပေါ ်
EPN
ဖားကန့်၊ဖေဖော်ဝါရီ၁၀

ဖားကန့်မြို့နယ်၊လုံးခင်းအုပ်စု၊မှော်စီစာကျေးရွာအနီးရှိ မြေစာစွန့်ပစ်သည့်နေရာတွင် မြေစာလျှောကျရာမှ စွန့်ပစ်မြေစာနှင့်အတူ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ရေအောက်နစ်မြ ုပ်သွားရာ ဖေဖော်ဝါရီ(၁၀)ရက် နံနက် (၈း၁၀)နာရီအချိန်က ပြန်ပေါ ်လာခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

မြေစာလျှောကျမှုဖြစ်စဉ်တွင် ပျောက်ဆုံးနေသူနှစ်ယောက်ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တစ်ဦးပြန်ပေါ ်လာခဲ့ရာ၊သက်ဆိုင်ရာအုပ်ချုပ်ရေး၊မီးသတ်တပ်ဖွဲ့ဝင်များ၊သင်္ဂဟလူမှုကူညီရေးအဖွဲ့တို့ပူးပေါင်း၍ သေဆုံးသူ ရုပ်အလောင်းအား ဝိုင်းဝန်းဆယ်ယူ၍ နံနက်(၉း၁၀)အချိန်တွင် လုံးခင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မှော်စီစာအုပ်ချုပ်ရေးရုံးမှ အတည်ပြုပြောကြားသည်။

သေဆုံးသူမှာ ကိုသိန်းဇော်၊အသက်(၂၆)နှစ်၊(ဘ)ဦးသောင်းအေး၊ထန်းပင်ဆိပ်ရွာ၊တန့်ဆည်ဒေသမှဖြစ်ပြီး၊လက်ရှိနေထိုင်ခဲ့သည့်နေရပ်မှာ မှော်စီစာကျေးရွာ၊ဈေးကုန်းတွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သတ်၍ တရားဝင်လူပျောက်တိုင်ကြားထားသူနှစ်ဦးရှိရာ၊ယ္ခုအခါ တစ်ဦး၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီး၊ကျန်တစ်ဦးကိုလည်း ဆက်လက်ရှာဖွေစောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊အခင်းဖြစ်ပွါးချိန်တွင် ရေမဆေးသမားများ၏ဆိုင်ကယ်အစီး(၃၀)ခန့် သိမ်းဆည်းထားသည်မှာလည်း မဟုတ်၊မမှန်ကြောင်းကိုလည်း မှော်စီစာအုပ်ချုပ်ရေးရုံးမှသိရသည်။
နောင်ရိုး
ဓါတ်ပုံ#crd#လုံးခင်းဆုံမှတ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။