Trending Now

ဗန်းမော်မြို့၌ ငွေကျပ် သိန်း ၁၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် အမျိုးသမီး ဖမ်းဆီးခံရ

Spread the love

EPN
မြစ်ကြီးနား၊ မေ ၁၀

ဗန်းမော်မြို့၌ ငွေကျပ်သိန်း ၁၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် အမျိးုသမီးတစ်ဦးကို မေလ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မေလ ၉ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က မံစီမြို့ဘက်မှ ဗန်းမော်မြို့ဘက်သို့ မယန်တာ မီး(ခ)ချယ်ရီ စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၇ သိန်း)နှင့် ဆိုင်ကယ်ခွကြားတွင် တင်ဆောင် လာသော ပလတ်စတစ်အိတ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ် (ဒေသကာလပေါက် ဈေးတန် ဖိုးငွေကျပ် ၄၄ သိန်း) တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မယန်တာမီး(ခ) ချယ်ရီ(၂၉)နှစ်အား ဗန်းမော်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ MM


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။