Trending Now

ကလေးမြို့မှာ CDM ဆရာဝန်တစ်ဦး အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံရ

Spread the love

ကလေးမြို့မှာ CDM ဆရာဝန်တစ်ဦး အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံရ

EPN
ကလေး ၊ ဒီဇင်ဘာ ၊ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့သာ ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့၊ မနက်ပိုင်းက CDM ဆရာဝန်တစ်ဦး ဖမ်းဆီးရမိတယ်လို့ ကလေးမြို့နယ် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဆိုင်ကယ်စီးလာတဲ့သူတွေကို စစ်ဆေးတဲ့အခါ ကလေးမြို့နယ် ပြည်သူ့ဆေးရုံကနေ CDM လုပ်ထားတဲ့ ဆရာဝန် မြင့်မိုရ်ကျော် ဆိုသူဟာ သူရဲ့ ဖုန်းကနေတဆင့် အင်းဒင်၊ နတ်မြှောင်း၊ နတ်ချောင်း စတဲ့ ရွာတွေဘက်က အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်သွယ်ထားတာကို စီစစ်တွေ့ရှိရတာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရ ဖမ်းဆီးအရေးယူထားတာဖြစ်တယ် ” လို့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ကိုဗစ်ကာလမှာ ဆရာဝန်ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ပြီးနောက် ကိုဗစ် လူနာများကို လျစ်လျူရှု့ကာ ဆရာဝန် အများအပြား CDM မှာ ပါဝင်ကြတဲ့အချိန် အခု ဖမ်းဆီးခံရတဲ့ ဆရာဝန် မြင့်မိုရ်ကျော် ဆိုသူလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်း အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေအရ ဖမ်းဆီးခံရတဲ့ ဆရာဝန် အရေအတွက်ဟာ ၁၅ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။