Trending Now

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ဘီလ်ဂိတ် တရုတ်နိုင်ငံကို သွားမယ်

Spread the love

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ဘီလ်ဂိတ် တရုတ်နိုင်ငံကို သွားမယ်

EPN
နိုင်ငံတကာ၊ ဇွန် ၁၅

မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဇွန်လ ၁၆ ရက်နေ့မှာ လာရောက်တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အဆိုပါကစ္စနဲ့ ပတ်သက်လို့ သိရှိသူနှစ်ဦးက ပြောပါတယ်။

ဒီတွေ့ဆုံမှုဟာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်အတွက် မကြာသေးမီနှစ်တွေအတွင်း နိုင်ငံခြားပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးနဲ့ ပထမဆုံး တွေ့ဆုံတာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို မဖော်ပြပဲ တွေ့ဆုံသွားမယ့် ရိုက်တာရဲ့ တတိယ သတင်းရင်းမြစ်က အတည်ပြုထားပါတယ်။
ဘီလ်ဂိတ်က Bill & Melinda Gates ဖောင်ဒေးရှင်းနဲ့ ကမ္ဘာလုံဆိုင်ရာ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံက မိတ်ဖက်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဗုဒ္ဓဟူးနေ့က တွစ်တာမှာရေးသားခဲ့ပါတယ်။

ဖောင်ဒေးရှင်းနဲ့ တရုတ်အစိုးရကိုယ်စား မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ကိုင်တွယ်နေတဲ့ တရုတ်နိုင်ငံ သတင်းပြန်ကြားရေးရုံးက ရိုက်တာရဲ့ မှတ်ချက်ပေးဖို့တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်မှုမရှိဘူးလို့ ဆိုပါတယ်။

ဘီလ်ဂိတ်ဟာ ကမ္ဘာ့ကျန်းမာရေး၊ ပညာရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပရဟိတလုပ်ငန်းတွေကို အာရုံစိုက်လုပ်ဆောင်နိုင်ဖို့အတွက် ၂၀၂၀ ခုနှစ်မှာ မိုက်ခရိုဆော့ဖ် ဘုတ်အဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဘီလ်ဂိတ်တို့ နောက်ဆုံးတွေ့ဆုံမှုဟာ ဟိုင်နန်ပြည်နယ် Boao မှာ တွေ့ဆုံခဲ့ကြတဲ့ ၂၀၁၅ ခုနှစ်က ဖြစ်ပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။