Trending Now

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ထောင်ဒဏ် ၃ နှစ်စီ ထပ်မံ ချမှတ်ခံရ

Spread the love

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ထောင်ဒဏ် ၃ နှစ်စီ ထပ်မံ ချမှတ်ခံရ

EPN
မြစ်ကြီနား၊ စက်တင်ဘာ ၂

ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာရှိတဲ့ အထူးတရားရုံးက ယနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်စီ ထပ်မံ ချမှတ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု ဝန်ကြီး ဟောင်း ဦးမင်းသူတို့သုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)ဖြင့် စွဲဆိုထားသတဲ့ အမှုအတွက် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်မရှိဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၀ မှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရပြီးဖြစ်တာကြောင့် အခု တစ်ကြိမ်အမှုနဲ့ ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံထားရပြီဖြစ်ပါတယ်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။