Trending Now

ပူတာအိုခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အတွက် အလှူငွေ ပေးအပ်လှူဒါန်း

Spread the love

ပူတာအိုခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အတွက် အလှူငွေ ပေးအပ်လှူဒါန်း

EPN
ပူတာအို၊ ဇွန် ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး တွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံရ၀မ်နှစ်ခြင်း ခရစ်ယာန် ဘာသာ၀င်များ၏ လူမှုကူညီရေးအသင်းက ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန်(၃)ရက် နံနက်(၁၁)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လှူဒါန်းပွဲတွင် မြန်မာနိုင်ငံ ရ၀မ်နှစ်ခြင်း ခရစ်ယာန်ဘာသာ၀င်များ၏ လူမှုကူညီရေးအသင်းဉက္ကဌ ဦးအင် ထုဖုန်ဆန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ် လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ရ၀မ်နှစ်ခြင်းခရစ်ယာန် ဘာသာ၀င်များ၏ လူမှုကူညီရေး အသင်းက လှူဒါန်းသောအလှူငွေကျပ်ကိုးသိန်းကိုပေးအပ်လှူဒါန်းရာ ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်နှင့် အတွင်းရေးမှူး ခရိုင်ဆေးရုံအုပ် ဒေါက်တာ သန့်ဇင်ထွန်းတို့က လက်ခံရယူသည်။

ဆက်လက်၍ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ခရိုင်ကော်မတီ အနေဖြင့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပူတာအိုခရိုင်အနေဖြင့် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာမရှိကြောင်း၊ အလှူရှင်များ၏ လှူဒါန်းပေးမှုကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယခုလိုဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အလှူငွေပေးအပ်လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။