Trending Now

ကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံများစာရင်းမှာ မြန်မာက ကမ္ဘာအဆင့် ၁၃၁ မှာသာရှိ

Spread the love

ကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံများစာရင်းမှာ မြန်မာက ကမ္ဘာအဆင့် ၁၃၁ မှာသာရှိ

EPN
နိုင်ငံတကာ၊ မတ် ၂၄

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်အရွင်ဆုံးနိုင်ငံတွေစာရင်းမှာ အဆင့် ၁၃၁ မှာသာရှိနေခဲ့တယ်လို့ The World Happiness အစီရင်ခံစာအရသိရပါတယ်။ ကုလသမဂ္ဂရဲ့ Sustainable Development Solutions Network က ကမ္ဘာ့နိုင်ငံ ၁၅၆ နိုင်ငံရဲ့ ပျော်ရွင်မှုအခြေနေကို စာရင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 

ကမ္ဘာ့အပျော်ရွှင်ဆုံး စာရင်းရဲ့ ထိပ်ဆုံးသုံးနေရာမှာ ဖင်လန်၊ ဒိန်းမတ် ဒုတိယ၊ နော်ဝေတို့ ရပ်တည်နေပါတယ်။ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများ စာရင်းကို တစ်ဦးချင်းဝင်ငွေ၊ လွတ်လပ်ခွင့်၊ အပြန်အလှန် ယုံကြည်မှု၊ လုံခြုံမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပျမ်းမျှသက်တမ်း၊ အစိုးရတွေရဲ့ အဂတိ ကင်းစင်မှု အပါအဝင် တခြား အချက်အလက်တွေကို အခြေခံ တွက်ချက်ခဲ့တာဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာတော့ စင်ကာပူက အဆင့် ၃၄ ၊ ထိုင်းက အဆင့် ၅၂၊ မလေးရှားက အဆင့် ၈၀၊ အင်ဒိုနီးရှားက ၉၂၊ ဗီယက်နမ်က အဆင့် ၉၄၊ လာအိုကအဆင့် ၁၀၅ တို့မှာရပ်တည်နေပါတယ်။ ပြည်တွင်း ပဋိပက္ခတွေရဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ တောင်ပိုင်းဆူဒန် နိုင်ငံကတော့ တန်းစီစာရင်းရဲ့ နောက်ဆုံးကို ရောက်ပြီး ကမ္ဘာပေါ်မှာ ပျော်ရွှင်မှု အနည်းဆုံးအဖြစ် ရှိနေပါတယ်။
———————————-


EPN





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။