Trending Now

အန္ဒိယနိုင်ငံ ဒေလီမီးသတ်တပ်ဖွဲ့က မီးသတ်စက်ရုပ်တွေ ပထမဆုံးအကြိမ်အသုံးပြု

Spread the love

အန္ဒိယနိုင်ငံ ဒေလီမီးသတ်တပ်ဖွဲ့က မီးသတ်စက်ရုပ်တွေ ပထမဆုံးအကြိမ်အသုံးပြု
EPN
နိုင်ငံတကာ၊ ဇွန် ၂၇
အိန္ဒိယနိုင်ငံ ဒေလီမြို့အနီးမှာ မနေ့က သုံးထပ်ပလပ်စတစ်ဂိုဒေါင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်ဖို့အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်စက်ရုတ်တွေကို ပထမဆုံးအကြိမ် အသုံးပြုပြီး မီးငြိမ်းသတ်ခဲ့ပါတယ်။
ဒေလီမီးသတ်တပ်ဖွဲ့ရဲ့ အရာရှိများရဲ့ ပြောဆိုချက်အရ မီးငြှိမ်းသတ်ဖို့အတွက် အထူးစက်ရုပ် နှစ်အရုပ်နဲ့တူ မီးသတ်သမား နှစ်ဒါဇင်ခန့်ကို အသုံးပြုခဲ့ရပြီး မီးလောင်မှုကြောင့် အသေအပျောက် မရှိကြောင်း သိရပါတယ်။
“မီးအကြီးအကျယ်လောင်ပြီး ထိန်းချုပ်ဖို့ ၁၀ နာရီကျော်အထိကြာတယ်။ အပူရှိန်ကြောင့် ပေါက်ကွဲမှု ဒါမှမဟုတ် အဆောက်အဦပြိုကျဖို့ အလားအလာရှိတာကြောင့် မီးငြှိမ်းသတ်ရာမှာ စက်ရုပ်နှစ်ခုလုံးကို အသုံးပြုခဲ့ရပြီး မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှာ မီးကိုငြိမ်းသတ်နိုင်ခဲ့ပါတယ်”လို့ အရာရှိတစ်ဦးက ပြောကြားခဲ့ပြီး မီးလောင်ရသည့်အကြောင်းအရင်းကို သိရှိနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ မြို့တော်မီးသတ်ဦးစီးဌာနအတွက် သြစတေးလျက မီးသတ်စက်ရုတ်နှစ်ရုပ်ကို ဝယ်ယူတပ်ဆင်ပေးခဲ့တာဖြစ်ပြီး စက်ရုပ်တစ်ခုစီက တစ်မိနစ်ကို ရေလီတာပေါင်း ၂၄၀၀၀ အထိ ဖြန်းပေးနိုင်တဲ့အပြင် လိုအပ်ပါက မီးသတ်အထောက်အကူပြုယာဉ်အဖြစ်ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။
ဒေလီမီးသတ်ဌာနရဲ့ အဆိုအရ အခုနှစ် မေလအတွင်းမှာပဲ မီးလောင်မှု ၂၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မီးငြိမ်းသတ်မှု စုစုပေါင်း ၂,၁၄၅ ကြိမ် လက်ခံရရှိခဲ့ပြီး မီးလောင်မှုအတွင်းမှ လူပေါင်း ၁၁၇ ကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနကပြောပါတယ်။

source – toi

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။