Trending Now

မြစ်ကြီးနားမြို့ ရန်အောင်မြင်ကျောင်းတိုက် (ဘုမ္မော) ဆရာတော်၏ (၁၀၈) ကြိမ်မြောက်ကံထပ် မင်္ဂလာနှင့် (၂၃) ကြိမ်မြောက် မဟာပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

Spread the love

မြစ်ကြီးနားမြို့ ရန်အောင်မြင်ကျောင်းတိုက် (ဘုမ္မော) ဆရာတော်၏ (၁၀၈) ကြိမ်မြောက်ကံထပ် မင်္ဂလာနှင့် (၂၃) ကြိမ်မြောက် မဟာပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈
မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ဘုမ္မောရပ်ရှိ ရန်အောင်မြင်ကျောင်းတိုက် (ဘုမ္မော) ဆရာတော် ဘဒ္ဒစန္ဒောဘာသ အား (၁၀၈) ကြိမ်မြောက်ကံထပ် မင်္ဂလာနှင့် (၂၃) ကြိမ်မြောက် မဟာပပဌာန်းဒေသနာ‌တော် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ နံနက် ၉နာရီခွဲတွင် ရန်အောင်မြင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်း (၂၃)ကြိမ်မြောက် မဟာပပဌာန်းဒေသနာတော်
ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပနိုင်ရန် ဦးသန်းငွေ၊ ဒေါ်စိန်ကြွယ် (မြအိဇင်ပရိဘောဂနှင့် ပယင်းဘုရင်မ) မိသားစုတို့မှ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပဋိကတ်သုံးပုံမှာ အရေးကြီးဆုံး၊ အထက်မြတ်ဆုံးက ပဌာန်းဆိုတာကို ယုံကြည်ပါတယ်။ ယုံကြည်တဲ့အတွက် ပဌာန်းရဲ့အကျိုးကိုလည်း ခံစားရတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ပဌာန်းကို ၁၉၇၀ခုနှစ် လောက်ထဲကစပြီးရွတ်လာတာ။ အဲ့ဒီအကျိုးကျေးဇူး အလွန်ကြီးမားတာကိုတွေ့ရပါတယ်။ ငွေစုမယ်ဆိုရင် တစ်ရက်ကိုငါးပြား၊ငါးပြားစုခြင်းဟာ ရက်အနည်းငယ်အတွင်းမှာ ဘာမှမသိသာပေမယ့် ကိုယ်စုထားတဲ့ဘူးက ပြည့်သွားပြီးဆိုရင် အလွန်ကြီးကျယ်ခမ်းနားတဲ့အဖြစ် ပြောင်းလဲလာသလိုပဲ ပဌာန်းကလည်း နေ့စဥ်နေ့စဥ် ရွတ်ပွားလာခြင်းအားဖြင့် လောကီ၊ လောကုတ် လို့ခေါ်တဲ့ လောကီအကျိုး၊လောကုတ္တရာအကျိုးရော ခံစားရတယ်လို့ ယုံကြည်ပါတယ်” ဟု အလှူရှင် ဦးသန်းငွေမှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါ ရန်အောင်မြင်ကျောင်းတိုက်(ဘုမ္မော) ဆရာတော် ဘဒ္ဒစန္ဒောဘာသအား (၁၀၈) ကြိမ်မြောက်ကံထပ်မဂ်လာကို နံနက် ၉နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် အလှူရှင်များမှ သိမ်ဆင်းလောင်းလှူကာ (၂၃)ကြိမ်မြောက် မဟာပဌာန်းဒေသနာရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ (၂၃)ကြိမ်မြောက် မဟာပပဌာန်းဒေသနာရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကိုလည်း လာမည့် ဖေဖော်ဝါရီလ ၂၃ရက်နေ့ နံနက် ၉နာရီခွဲတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။