Trending Now

ထိုင်းနိုင်ငံကို တရားမ၀င် နယ်စပ်ဖြတ်ကျော်၀င်ရောက်သွားတဲ့ မြန်မာ ၁၂၃ ဦး ဖမ်းဆီးခံရ

Spread the love

ထိုင်းနိုင်ငံကို တရားမ၀င် နယ်စပ်ဖြတ်ကျော်၀င်ရောက်သွားတဲ့ မြန်မာ ၁၂၃ ဦး ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ ဧပြီ ၅

ထိုင်းနိုင်ငံ၊ ကန်ချနပူရီမြို့နယ်အတွင်းက စွန့်ပစ်အိမ်တစ်လုံးထဲမှာ ၀င်ရောက်ပုန်းခိုနေတဲ့ မြန်မာနိုင်ငံသား ၁၂၃ ဦးကို ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်း တွေက ဖော်ပြထားပါတယ်။

 

အမျိုးသား ၉၄ ဦးနဲ့ အမျိုးသမီး ၂၉ ဦး တို့ ပါဝင်တဲ့ အဲဒီမြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ပွဲစားခအဖြစ် ဘတ် ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးကာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့ရပြီး သူတို့အားလုံးကို ခေါ်ဆောင်လာတဲ့ ယာဥ်မောင်းလေးဦးကတော့ ရဲတွေရောက်မလာခင်ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

 

သူတို့အားလုံးဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ်တွေနဲ့ ဒေသတွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် အထောက်အစား တစ်စုံတရာမရှိဘဲ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာခဲ့သူတွေဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီးနောက် သူတို့ကို ကန်ချနပူရီရဲစခန်းမှာ စစ်ဆေးခဲ့ကာ အားလုံးကို မြန်မာနိုင်ငံထဲ ပြန်ပို့မယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ref;matichon


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။