Trending Now

နိုင်ငံခြားငွေသုံးစွဲမှုလျော့ချနိုင်ရန်အတွက် စက်သုံးဆီ ချွေတာသုံးစွဲရန်လိုအပ်ကြောင်း န.စ.က ဥက္ကဌ ပြောကြား

Spread the love

နိုင်ငံခြားငွေသုံးစွဲမှုလျော့ချနိုင်ရန်အတွက် စက်သုံးဆီ ချွေတာသုံးစွဲရန်လိုအပ်ကြောင်း န.စ.က ဥက္ကဌ ပြောကြား

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂

နိုင်ငံခြားငွေသုံးစွဲမှုလျော့ချနိုင်ရန်အတွက် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကို လျော့ချနိုင်ရန် လိုအပ်နေသေးကြောင်းနှင့် စက်သုံးဆီများ ချွေတာသုံးစွဲရန်လိုအပ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂) တွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ပမှစက်သုံးဆီများတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းနှင့် စက်သုံးဆီသုံးစွဲမှုလျှော့ချရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စုပေါင်းအကောင်အထည်ဖော်မှုဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

စက်သုံးဆီးကို အများဆုံးအသုံးပြုနေရသည့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများတွင် အားနည်းချက်များရှိနေသေးကြောင်းနှင့် စက်သုံးဆီများ ချွေတာသုံးစွဲရန်အတွက် ကုန်စည်များ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍လည်း ရထားဖြင့် ပို့ဆောင်သည့်စနစ်ကို အဓိကထား ဆောင်ရွက်မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုကို လျော့ကျစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောကြားခဲ့သည်။

ယင်းအပြင် စက်သုံးဆီအသုံးပြုမှုလျော့ချနိုင်ရန်အတွက် လျှပ်စစ်ကိုပိုမိုထုတ်လုပ်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။