Trending Now

အမေရိကန် F-15E ဂျက်တိုက်လေယာဉ်တွေကို ဘိုးရင်းကုမ္ပဏီက အဆင့်မြင့်ရေဒါတွေ တပ်ဆင်တော့မည်

Spread the love

အမေရိကန် F-15E ဂျက်တိုက်လေယာဉ်တွေကို ဘိုးရင်းကုမ္ပဏီက အဆင့်မြင့်ရေဒါတွေ တပ်ဆင်တော့မည်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၆

အမေရိကန်လေယာဉ်ထုတ်လုပ်ရေး ဘိုးရင်းကုမ္ပဏီက F-15E ဂျက်တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို နောက်ဆုံးပေါ် ရေဒါစနစ်နဲ့ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေတပ်ဆင်ပြီး အဆင်မြှင့်တင်တော့မယ်လို သိရပါတယ်။

Eagle Passive Active Warning and Survivability System (EPAWSS) လိုခေါ်တဲ့ ဒီနည်းပညာဟာ ခေတ် မီစွမ်းရည်တွေနဲ့အတူ မြေပြင်-ဝေဟင် ပစ်မှတ်တွေကို စုံစမ်းထောက်လှမ်းဖိုနဲ့ တန်ပြန်ပစ်ခတ်ချေမှုန်းနိုင်ဖို အ တွက် F-15 တိုက်လေယာဉ်က လေသူရဲတွေကို အထောက်အကူပြုသွားမှာဖြစ်တယ်လို ဆိုပါတယ်။

EPAWSS နည်းပညာဟာ စစ်မြေပြင်က situational awareness ကို တိုးမြှင့်ပေးနိုင်ဖိုအတွက်လည်း အထောက်အကူပြုသွားမှာဖြစ်တယ်လိုဆိုပါတယ်။

ယှဉ်ပြိုင်မှုများပြားလာတဲ့ အခြေအနေမျိုးမှာ ဒီစနစ်ဟာ F-15 တိုက်လေယာဉ် လေသူရဲတွေအတွက် စစ်ဆင် ရေးပိုမိုထိရောက်အောင်စွမ်းဆောင်နိုင်ပြီး မိမိကိုယ်မိမိကာကွယ်နိုင်အောင် စွမ်းရည်မြှင့်တင်ပေးသွားမှာဖြစ် ကြောင်း ဘိုးရင်းကုမ္ပဏီက အရာရှိဖြစ်သူ ပရတ်ကူးမားက ပြောပါတယ်။

ဒါ့အပြင် ဒီစနစ်ဟာ ရန်သူ့ဘက်က ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ထိုးဖောက်ကျော်လွှားဖိုနဲ့ စစ် ဆင်ရေးပြောင်းလွယ်ပြင်လွယ်ဖြစ်မှုကို မြှင့်တင်နိုင်ဖိုအတွက် စွမ်းရည်မြှင့်တင်ပေးနိုင်တယ်လိုဆိုပါတယ်။

EPAWSS နည်းပညာဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တဲ့ F-15 ဂျက်တိုက်လေယာဉ် တွေအတွက် စွမ်းဆောင်ရည်အသစ်တွေ ယူဆောင်လာပေးမယ့်နည်းပညာဖြစ်ကြောင်း လန်ဂလေလေတပ် အခြေစိုက်စခန်းက ဗိုလ်မှူးကြီး မက်သရူးစကာက ပြောပါတယ်။

ဒီစနစ်ဟာ ရန်သူ့ခြိမ်းခြောက်မှုတွေကို စုံစမ်းထောက်လှမ်းနိုင်တဲ့အပြင် F-15 ဂျက်တိုက်လေယာဉ် ရန်သူမသိ အောင် ချဉ်းကပ်နိုင်ဖိုအတွက် ရေဒါထုတ်လွှင့်ချက်တွေကို ဗလုံးဗထွေးဖြစ်သွားအောင် ထုတ်လွှင့်နိုင်တယ် လို လည်း ဆိုပါတယ်။

“ဒီစနစ်က ရန်သူ့ရေဒါတွေ ရှုပ်ထွေးသွားအောင်လုပ်နိုင်ပါတယ်။ လေသူရဲအတွက် ပိုပြီးအကာအကွယ်ရတာ ပေါ့။ ဒီစနစ်ကိုအသုံးပြုပြီး ရေဒါထုတ်လွှင့်မှုကို ရှုပ်ထွေးသွားအောင်လုပ်လိုရတယ်။ အဲဒီလိုလုပ်လိုက်တာနဲ့ တစ်ဖက်ရန်သူမသိလိုက်ဘဲ ရန်သူ့နားကို ပိုပြီးချဉ်းကပ်သွားနိုင်ပါတယ်။” လို ၎င်းက ပြောပါတယ်။

Ref: Boeing to Install High-Tech Radar on USAF F-15E Fighters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။