Trending Now

စစ်ကိုင်း စည်တီးရပ်ကွက် အုပ်ချုပ်ရေးမှူး စျေးဝယ်သွားချိန် ပစ်သတ်ခံရ

Spread the love

စစ်ကိုင်း စည်တီးရပ်ကွက် အုပ်ချုပ်ရေးမှူး စျေးဝယ်သွားချိန် ပစ်သတ်ခံရ

EPN
စစ်ကိုင်း ၊ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ တင်းတိမ်ရပ်ကွက် ၊ မန်းကျည်းစက် စျေးအနီး ၊ မုံရွာ မန္တလေး ကားလမ်းမှာ မနေ့ စက်တင်ဘာ ၁ ရက် မနက် ၆ နာရီဝန်းကျင်က ဆိုင်ကယ်နဲ့ စျေးဝယ်လာသူ ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” စျေးဝယ်လာရင်း လမ်းမှာ ပစ်သတ်ခံရတဲ့သူက စည်တီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ဆိုသူဖြစ်တယ် ၊ နေရာမှာတင် ပွဲချင်းပြီးသေသွားတာ ” လို့ ကူညီလုပ်ကိုင်ပေးခဲ့တဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက ” အုပ်ကြီး ဦးကျော်နိုင် မန်းကျည်စက် စျေးကို စျေးဝယ်သွားတဲ့အချိန် သူ့နောက်က အမည်မသိ လူ ၂ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ လိုက်လာပြီး သေနတ်နဲ့ ပစ်တယ် ၊ ဦးကျော်နိုင်ရဲ့ ဝဲဘက်မျက်လုံးနဲ့ ဝဲဘက်နားအောက်မှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာရ သေဆုံးတာပါ ၊ အမှုဖွင့်အရေးယူထားတယ် ” လို့ ပြောပါတယ် ။
အဲ့ဒီအပြင် ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက် မနက် ၆နာရီဝန်းကျင်ကလည်း စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ အလ္လကပ္ပကျေးရွာမှာနေတဲ့ ကိုမင်းမင်းဆိုသူနဲ့ ကိုချစ်မင်းဇော် ဆိုသူ ၂ ယောက်ဟာ နေအိမ်မှာ ရှိတဲ့အချိန် အကြမ်းဖက် လူသတ်သမား ၁၄ ယောက်က လာရောက်ဖမ်းဆီးပြီး ရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ရထားသံလမ်းဘက်ကို ခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ သတ်ဖြတ်မှုကြောင့် ကိုမင်းမင်း နဲ့ ကိုချစ်မင်းဇော်တို့ ၂ ဦးဟာ လည်ပင်းပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးရတာလို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။