Trending Now

မိုးညှင်းမြို့တွင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ

Spread the love

မိုးညှင်းမြို့တွင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ

 

EPN
မိုးညှင်း၊ မေ ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်) ရပ်ကွက်နေ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးသည် ခင်ပွန်း ဖြစ်သူ၏ကွမ်းယာဆိုင်သို့ထမင်းပို့ သွားရာ ဆိုင်မရောက်ဘဲ လမ်းခုလပ်မှ မေ ၁၃ ရက်က ပျောက်ဆုံးသွားခဲ့ သဖြင့် ယနေ့ မေလ(၁၈)ရက်မှာ လူပျောက်
တိုင်ကြားထားခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့ နားခါတောင်ရပ်ကွက်တွင် ကွမ်းယာဆိုင်ဖွင့်လှစ်ရောင်းနေသည့် ခင်ပွန်းဖြစ်သူ ဦးကျော်ဝင်းကို ထမင်းကြိုက်သွားပို့သည့် ဒေါ် လှသန်းနွယ်ဦးသည် ဆိုင်သို့မရောက်လာဘဲ လမ်းခုလပ်၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ မေလ(၁၃)ရက်နေ့က ဒေါ်လှသန်း နွယ်ဦးသည် ဆိုင်သို့ နေ့လယ်(၁)နာရီခွဲသည်အထိ လာရောက်ခြင်း မရှိသည့်အတွက် ဦးကျော်ဝင်းမှ နေအိမ်သို့ဖုန်းဆက် မေးမြန်းရာ သမီးဖြစ်သူမှဖုန်းကိုင်ပြီး မိခင်ဖြစ်သူ ဒေါ်
လှသန်းနွယ်ဦးသည် ထမင်းပို့ရန်နေအိမ်မှ
ထွက်ခွါသွား ပြီဖြစ်ကြောင်း အကြောင်းပြန်ခဲ့သော်လည်း နေ့လယ်(၂)နာရီထိုးသည်အထိရောက်ရှိလာခြင်းမရှိသဖြင့် ဦးကျော်ဝင်းမှ လိုက် လံရှာဖွေခဲ့သည်ဟု ဆိုသည်။

ထိုသို့ရှာဖွေရာ စုံစမ်းမရခဲ့သည်မှာ ယခုအချိန်ထိ ရှိခဲ့ပြီဖြစ်သောကြောင့် ဦးကျော်ဝင်းမှ ဇနီးဖြစ်သူ ဒေါ်လှသန်းနွယ်ဦး(၄၃)နှစ်၊ စိမ်းရတနာမွန်(တောင်)ရပ်ကွက် မိုးညှင်းမြိ့ု
နေထိုင်သူပျောက်ဆုံးမှုကို မိုးညှင်းမြိ့ုမရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်္ဂလာဦး
ပုံ။ ပျောက်ဆုံးနေသူ ဒေါ်လှသန်းနွယ်ဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။