Trending Now

မော်ရိုကိုငလျင်ကြောင့် သေဆုံးသူ ၂၈၀၀ ကျော်အထိရှိလာ

Spread the love

မော်ရိုကိုငလျင်ကြောင့် သေဆုံးသူ ၂၈၀၀ ကျော်အထိရှိလာ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

မော်ရိုကိုနိုင်ငံမှာ ဆယ်စုနှစ်ခြောက်ခုကျော်အတွင်း အဆိုးရွားဆုံး ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေဟာ စုစုပေါင်း ၂၈၀၀ ကျော်သွားပြီဖြစ်ကြောင်း အယ်လ်ဂျားဇီးယား သတင်းက ဖော်ပြထားပါတယ်။

မော်ရိုကိုနိုင်ငံ မယ်ရာကဒ်ရှ်မှာ စက်တင်ဘာ ၈ ရက်နေ့က ပြင်းအား ၆.၈ ရှိတဲ့ငလျင်လှုပ်ခတ်သွားခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အသည်းအသန် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူဦးရေဟာ ၂၈၆၂ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၂,၅၆၂ ဦးရှိကြောင်း သိရပါတယ်။ အိုဟောင်းနေတဲ့ ရိုးရာရွှံ့အုတ်အိမ်တွေ ပြိုကျမှုကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနိုင်ခြေ လျော့ကျစေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဝေလံခေါင်သီးတဲ့ ကျေးရွာတစ်ခုရဲ့ ပျက်စီးမှုဟာ မြင်နေတာကို ဖော်ပြဖို့ မှန်ကန်တဲ့ စကားလုံးရှာမရဘူးလို့ ကယ်ဆယ်ရေးသမားတစ်ယောက်ဖြစ်တဲ့ အန်တီနိုက ပြောကြားခဲ့ပြီး ” ပျက်စီးမှုအဆင့်ကတာ့ …လုံးဝပါပဲ အကောင်းအတိုင်းကျန်တဲ့အိမ်တစ်ခုမှ မရှိဘူး” လို့ ပြောပါတယ်။

လူသေဆုံးမှုတွေ မြှင့်တက်လာပေမယ့် ကယ်ဆယ်ရေးသမားတွေကတော့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့မျှော်လင့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“လာမယ့်ရက်တွေမှာ ကယ်ဆယ်နိုင်တဲ့သူတွေ ရှိလာမယ်ဆိုတာ သေချာပါတယ်။ ပြိုကျနေတဲ့ အဆောက်အဦတွေထဲမှာ လေအိတ်တွေ ရှိနေနိုင်တယ် လို့ ကျနော်တို့ ထင်ပါတယ်၊ ငါပြောသလိုပဲ ငါတို့ မျှော်လင့်ချက်ကို ဘယ်တော့မှ အရှုံးမပေးဘူး” လို့ ကယ်ဆယ်ရေးသမား အန်တီနိုက ပြောပါတယ်။

ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။