Trending Now

မိုးညႇင္းၿမိဳ႕နယ္၊ ထန္းတပင္ေက်းရြာမွ ဟင္းျပင္းသီးရွာထြက္သူ ေျမျမႇဳတ္မိုင္းနင္းမိ

Spread the love

 
မိုးညႇင္းၿမိဳ႕နယ္၊ ထန္းတပင္ေက်းရြာမွ ဟင္းျပင္းသီးရွာထြက္သူ ေျမျမႇဳတ္မိုင္းနင္းမိ

EPN
မိုးညႇင္း၊ ေမလ ၁၅

မိုးညႇင္းၿမိဳ႕နယ္၊ ထန္းတပင္ေက်းရြာမွ ဟင္းျပင္းသီးေကာက္ရန္သြားေသာ ရြာသားတစ္ဦး ေျမျမႇဳပ္မိုင္းနင္းမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ ရြာသစ္ကုန္းအုပ္စု ထန္းတပင္ေက်းရြာမွ ဝင္းသန္းဦး ႏွင့္ သူငယ္ခ်င္း (၆)ဦး အဖြဲ႕သည္ ယေန႔ေမလ (၁၅)ရက္ေန႕၊ မြန္းလႊဲ (၂)နာရီခန္႔အခ်ိန္ ဟင္းျပင္းသီး ေကာက္ရန္ အတြက္ ထန္းတပင္ေက်းရြာ၏ (၂၅)မိုင္ခန္႔ကြာေဝးေသာ ေက်ာက္ျဖဴေတာင္ႏွင့္ အနီးသို႕ ေရာက္ရွိစဥ္ ေမာင္ဝင္းသန္းဦး သည္ မည္သည့္အဖြဲ႕အစည္းက ေထာင္မွန္း မသိရိွရေသာ ေျမျမႇဳတ္မိုင္းကို နင္းမိသျဖင့္ ညာဘက္ေျခေထာက္ ေျဖဖေနာင့္တြင္ (၂)လက္မခန္႔ ရိွေသာ ကြဲအက္ျပတ္ရွ ဒဏ္ရာရရိွခဲ့ေၾကာင္း ထန္းတပင္ေက်းရြာ ရာအိမ္မွဴး ဦးျမင့္ေက်ာ္ထံမွ သိရသည္။

ျဖစ္စဥ္ေၾကာင့္ လိုက္ပါလာသူ သူငယ္ခ်င္းမ်ားမွ ရြာသို႔ ဆက္သြယ္အကူအညီ ေတာင္းခံခဲ့ၿပီး ယင္းေနရာမွ ကူညီထမ္းပိုး သယ္ထုတ္ခဲ့ၿပီးေနာက္ ထန္းတပင္ေက်းရြာမွ ရာအိမ္မႉး ဦးျမင့္ေက်ာ္ႏွင့္ ရပ္မိရပ္ဖမ်ား၊ အရန္မီးသတ္တပ္ဖြဲ႕မွ ဦးေအာင္ဆန္းဦး လိုက္ပါလွ်က္ ေမတၱာမြန္လူမႈကူညီေရးအသင္းကားျဖင့္ မိုးညႇင္းျပည္သူ႕ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ မိုင္းနင္းဒဏ္ရာရရိွသူ ေမာင္ဝင္းသန္းဦး အသက္(၁၉)ႏွစ္၊ (ဘ)ဦးသန္းဦး၊ ရြာသစ္ကုန္း ေက်းရြာအုပ္စု၊ ထန္းတပင္ေက်းရြာ၊ ေျခဖေနာင့္ကြဲအက္ ဒဏ္ရာရရိွသူအား မိုးညႇင္းျပည္သူ႕ ေဆး႐ံုႀကီးတြင္ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူလွ်က္ရိွေၾကာင္း ကနဦး သိရသည္။

မိုးျမင့္
——————————————————–

မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာမှ ဟင်းပြင်းသီးရှာထွက်သူ မြေမြှုတ်မိုင်းနင်းမိ

EPN
မိုးညှင်း၊ မေလ ၁၅

မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာမှ ဟင်းပြင်းသီးကောက်ရန်သွားသော ရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းအုပ်စု ထန်းတပင်ကျေးရွာမှ ဝင်းသန်းဦး နှင့် သူငယ်ချင်း (၆)ဦး အဖွဲ့သည် ယနေ့မေလ (၁၅)ရက်နေ့၊ မွန်းလွှဲ (၂)နာရီခန့်အချိန် ဟင်းပြင်းသီး ကောက်ရန် အတွက် ထန်းတပင်ကျေးရွာ၏ (၂၅)မိုင်ခန့်ကွာဝေးသော ကျောက်ဖြူတောင်နှင့် အနီးသို့ ရောက်ရှိစဉ် မောင်ဝင်းသန်းဦး သည် မည်သည့်အဖွဲ့အစည်းက ထောင်မှန်း မသိရှိရသော မြေမြှုတ်မိုင်းကို နင်းမိသဖြင့် ညာဘက်ခြေထောက် ဖြေဖနောင့်တွင် (၂)လက်မခန့် ရှိသော ကွဲအက်ပြတ်ရှ ဒဏ်ရာရရှိခဲ့ကြောင်း ထန်းတပင်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ကျော်ထံမှ သိရသည်။

ဖြစ်စဉ်ကြောင့် လိုက်ပါလာသူ သူငယ်ချင်းများမှ ရွာသို့ ဆက်သွယ်အကူအညီ တောင်းခံခဲ့ပြီး ယင်းနေရာမှ ကူညီထမ်းပိုး သယ်ထုတ်ခဲ့ပြီးနောက် ထန်းတပင်ကျေးရွာမှ ရာအိမ်မှူး ဦးမြင့်ကျော်နှင့် ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့မှ ဦးအောင်ဆန်းဦး လိုက်ပါလျှက် မေတ္တာမွန်လူမှုကူညီရေးအသင်းကားဖြင့် မိုးညှင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းနင်းဒဏ်ရာရရှိသူ မောင်ဝင်းသန်းဦး အသက်(၁၉)နှစ်၊ (ဘ)ဦးသန်းဦး၊ ရွာသစ်ကုန်း ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၊ ခြေဖနောင့်ကွဲအက် ဒဏ်ရာရရှိသူအား မိုးညှင်းပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျှက်ရှိကြောင်း ကနဦး သိရသည်။

မိုးမြင့်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။