Trending Now

အရာတော်မြို့နယ်က နာရေးအိမ်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ လူသုံးဦးကို ဒလန်လို့စွပ်စွဲကာ အကြမ်းဖက်သမားတွေက ဖမ်းဆီး သတ်ဖြတ်

Spread the love

အရာတော်မြို့နယ်က နာရေးအိမ်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ လူသုံးဦးကို ဒလန်လို့စွပ်စွဲကာ အကြမ်းဖက်သမားတွေက ဖမ်းဆီး သတ်ဖြတ်

EPN
အရာတော် ၊ မတ် ၊ ၃၀

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ အိုင်သာယာကျေးရွာမှာ အခုလ ၂၉ ရက် ၊ မနေ့ကညပိုင်း ၉ နာရီဝန်းကျင်က နာရေးအိမ်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ ပရဟိတသမား ၃ ဦးကို ဒလန်လို့ စွပ်စွဲကာအကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့တယ်လို့ အိုင်သာယာရွာခံတွေဆီက သိရပါတယ်။

” နာရေးအိမ်မှာ ကူညီညာလုပ်ကိုင်ပေးနေတဲ့ ကိုဇော်မင်းအောင် (၃၉) နှစ်၊ ကိုမောင်နိုင် (၃၇) နှစ် နဲ့ ကိုကျော်ရဲအောင် (၃၆) နှစ် တို့ ၃ ဦးကို အကြမ်းဖက်သမားတွေက ဖမ်းဆီး သတ်ဖြတ်သွားတာ ” လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေက အဲ့ဒီည ၉ နာရီဝန်းကျင်မှာ မိုင်းတွေဖောက်ခွဲ သေနတ်တွေပစ်ဖောက်ကာ ရွာထဲကို ဝင်ရောက်လာပြီးနောက် အသုဘအိမ်မှာ ကူညီညာလုပ်ကိုင်ပေးနေတဲ့ လူ သုံးယောက်ကို ဒလန်လို့ စွပ်စွဲ ဖမ်းဆီးသွားပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်သမားတွေက ရွာလမ်းထဲကိုရောက်တဲ့အခါ အသုဘအိမ်က ဖမ်းလာတဲ့ လူသုံးယောက်ကို ဓားတွေနဲ့ ဝိုင်းဝန်းခုတ်သတ်ခဲ့တာလို့ အိုင်သာယာရွာခံတွေက ပြောပါတယ်။

အဲ့ဒီ ၃ လောင်းပြိုင် လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ အရာတော်မြို့နယ်ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့အတူ မနေ့က နေ့ပိုင်းမှာ အိုင်သာယာကျေးရွာကို သွားရောက်ပြီး လူသတ်မှုဖြစ်စဥ်ကို စစ်ဆေးဆောင်ရွက်ပြီး အမှုဖွင့်ရေးဖွင့်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။