Trending Now

ဝိုင်းမော် မြို့အမှတ်(၂)စာသင်ကျောင်းဝန်းအတွင်း ပျဉ်းကတိုးပျိုးပင် ၂၀၀ ကျော်စိုက်ပျို

Spread the love

ဝိုင်းမော် မြို့အမှတ်(၂)စာသင်ကျောင်းဝန်းအတွင်း ပျဉ်းကတိုးပျိုးပင် ၂၀၀ ကျော်စိုက်ပျို

EPN
ဝိုင်းမော် ၊မေ ၂၁

ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍၂၀၂၂ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို
မေ၂၁ရက် နံနက်၈နာရီက ဝိုင်းမော်မြို့ရပ်ကွက်(၁)ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း ပျဉ်းကတိုးပျိုးပင်ပေါက် ၂၀၀ကျော်စိုက်ပျိုးခဲ့ကြောင်းသိရသည်ည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပျိုးပင်များအသီးသီးပေးအပ်ကာ သတ်မှတ်နေရာအသီးသီးတွင် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ်၏ ၂၀၂၂ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ပျဉ်းကတိုးပျိုးပင်ပေါင်း(၂၅၀)ပင်အား စိုက်ပျိုးခဲ့သည်။

အလားတူ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၉မြို့နယ်၌ ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ၌ သစ်ပင်ပျိုးပင်ပေါင်း ၂၆၀၀ အား တစ်နေ့ထဲ စိုက်ပျိုးပေးနိုင်ခဲ့ကြောင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။