Trending Now

ယီမင် ခွဲထွက်ရေးသမားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကြေညာ

Spread the love

ယီမင် ခွဲထွက်ရေးသမားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကြေညာ

EPN
နိုင်ငံတကာ၊ ဧပြီ ၂၆

အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်က တစ်စတစ်စပြိုလဲခဲ့ပြီး ယီမင်နိုင်ငံမြောက်ပိုင်းရှိ နယ်မြေ အများစုကို ထိန်းချုပ်ထားသည့် အီရန်နိုင်ငံက ကျောထောက် နောက်ခံ ပြုထားသော ဟူသီသူပုန်အဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် ယီမင် ခွဲထွက်ရေးသမားများသည် ယမန်နေ့က တိုင်းပြည်တောင်ပိုင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကြေညာခဲ့သည်။

တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီက တာဝန်ဝတ္တရားများ အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်းမ ရှိဟု အစိုးရကို စွပ်စွဲခဲ့ပြီး သန်းခေါင်ယံအချိန်မှစ၍ ကိုယ်ပိုင်အုပ်ချုပ်မှု စတင်ခဲ့ကြောင်း ပြောကြားလိုက်သည်။

ဟူသီအဖွဲ့ကို တိုက်ခိုက်ရာတွင် နိုင်ငံတကာအသိအမှတ်ပြု ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ကို ရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှု ရှောင်ရှားရန်ရည်ရွယ်ကာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို သက်တမ်း တိုးခဲ့ချိန်တွင် တစ်ချိန်က မဟာမိတ်များကြား မအောင်မြင်မှု ဖြစ်ပွားလာခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့က ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခရင် ဆိုင်နေရသည်ဟု သတ်မှတ်ခဲ့သည့် စစ်ဘေးသင့် ယီမင်နိုင်ငံ၌ တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေသည်။

ယီမင် တောင်ပိုင်း ခွဲထွက်ရေးသမားများက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရိယဒ်မြို့၌ အာဏာခွဲဝေရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

သို့သော်လည်း တောင်ပိုင်း ခွဲထွက်ရေးသမားများအတွက် တန်းတူကိုယ်စားပြုမှုရှိသည့် အစိုးရသစ်တစ် ရပ် ဖွဲ့စည်းရေးနှင့် တပ်မတော် ပြန်လည်ဖွဲ့စည်းရေး အပါအဝင် အရေးပါသော စီမံချက်များပြည့်မီခြင်းမရှိသည့်အ တွက် သဘောတူညီချက်က အသုံးမဝင် ဖြစ်လာခဲ့သည်။

တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီက ဧပြီလ ၂၅ ရက် သန်းခေါင်ယံအချိန်မှစ၍ ကိုယ်ပိုင်အုပ်ချုပ် ခွင့် ကြေညာကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကော်မတီတစ်ရပ်က ကောင်စီဥက္ကဌ တာဝန်ပေးသည့် တာဝန်များအ ရ လုပ်ငန်းစတင်မည်ဖြစ်ကြောင်း ခွဲထွက်ရေးသမားမျာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

အစိုးရနှင့် ဟူသီအဖွဲ့ကြား ပြီးခဲ့သောငါးနှစ်အတွင်း စစ်ပွဲများဖြစ်ပွားမှုကြောင့် အရပ်သားအများအပြား သေဆုံးခဲ့သည်။

တိုင်းပြည်တောင်ပိုင်းရှိ အစိုးရထိန်းချုပ်ထားသော ပြည်နယ်တစ်ခုအတွင်း ပထမဆုံး ကိုရိုနာဗိုင်း ရပ်စ် ဖြစ်ပွားမှုတွေ့ရှိကြောင်း ယခုလအစောပိုင်းတွင် ယီမင်နိုင်ငံက ကြေညာခဲ့ရာ ကပ်ရောဂါဖြစ်ပွားမှုနှင့်ပတ် သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ယခုလအတွင်း ရေကြီးရေလျှံမှုများကြောင့် လူ ၂၁ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ဧဒင်မြို့တော်ရှိ လမ်းမ ကြီးများ ရေမြုပ်ကာ နေအိမ်အချို့ ပျက်စီးခဲ့ရသည်။

–ကိုးကား–
အေအက်ဖ်ပီ
Ref; Yemen separatists declare self-governance of south


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။