Trending Now

စစ်ကိုင်းတိုင်းတွင် လက်လုပ်မိုင်းပေါက်ကွဲ၍ NGO အဖွဲ့မှကျန်းမာရေးဝန်ထမ်းတစ်ဦးဒဏ်ရာရ

Spread the love

စစ်ကိုင်းတိုင်းတွင် လက်လုပ်မိုင်းပေါက်ကွဲ၍ NGO အဖွဲ့မှကျန်းမာရေးဝန်ထမ်းတစ်ဦးဒဏ်ရာရ

EPN

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊ထန်းပင်ကုန်း- ကြာတကန်ကျေးရွာချင်းဆက်လမ်းတွင် နိုဝင် ဘာ ၈ ရက်နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့သည့်ဖြစ်စဉ်ကြောင့် NGO အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၁၀ နာရီကျော်ခန့်က ကျွန်းလှမြို့ နယ်၊ထန်းပင်ကုန်း-ကြာတကန်ကျေးရွာချင်းဆက်လမ်း၊ကြာတကန်ကျေးရွာ၏ အရှေ့ဘက် ၄ ဖာ လုံခန့်အကွာရှိ ရေကျော်အနီး၌ လက်လုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျွန်းလှမြို့၊ပျဉ်းမမြိုင်ရပ်ကွက်နေ NGO(ASELF Tot Health)အဖွဲ့မှ ငှက်ဖျား/တီဘီရောဂါ တိုက်ဖျက်ရေးဝန်ထမ်းဖြစ်သူ ကိုပြည့်စုံအောင်(၂၆)နှစ် တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကျွန်းလှမြို့နယ်ပြည်သူ့ဆေးရုံသို့ လုံခြုံရေးအဖွဲ့ဝင်များက ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“မိုင်းပေါက်ကွဲတဲ့အချိန်မှာ သူကအဲဒီနေရာကနေဆိုင်ကယ်နဲ့ဖြတ်သွားတဲ့အချိန် ဖြစ်သွားတာပေါ့ စိုးရိမ်ရတဲ့အနေအထားရှိ၊မရှိဆိုတာကတော့ ကျွန်တော်တို့ကဆေးရုံကိုသွားပို့ရတာမဟုတ်တဲ့အတွက် မသိပါဘူး”ဟု ကျွန်းလှမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဉ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။