Trending Now

မိုးကောင်မြို့နယ်ရှိ ဝန်ထမ်းများ အနေဖြင့် အခွန်ကောက်ခံမှု အပိုင်းတွင် သည်းခံပြီး အတတ်နိုင်ဆုံး ကောက်ခံပေးကြဖို့ သယံဇာတရေးရာဝန်ကြီးမှာကြား

Spread the love

မိုးကောင်မြို့နယ်ရှိ ဝန်ထမ်းများ အနေဖြင့် အခွန်ကောက်ခံမှု အပိုင်းတွင် သည်းခံပြီး အတတ်နိုင်ဆုံး ကောက်ခံပေးကြဖို့ သယံဇာတရေးရာဝန်ကြီးမှာကြား

 

EPN

မြစ်ကြီးနား ၊ စက်တင်ဘာ ၂

မိုးကောင်းမြို့နယ်အတွင်း လက်ရှိတောင်ဝန်ယူဆောင်ရွက်နေသည့် အစိုးရဝန်ထမ်းများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်း အနေဖြင့် အခွန်ကောက်ခံမှု အပိုင်းတွင် သည်းခံပြီး အတတ်နိုင်ဆုံးကောက်ခံပေးကြဖို့ သယံဇာတရေးရာဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် စုပေါင်းရုံးတွင် စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်သည့် သယံဇာတရေးရာဝန်ကြီးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ စည်ပင်သာရေးအဖွဲ့နှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်မှ ဝန်ထမ်းများနှင့် မြို့မိမြို့ဖ များနှင့် တွေ့ ဆုံပွဲတွင် ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးကပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခုလက်ရှိ ဝန်ထမ်းတွေ အနေနဲ့ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ကြားသိရပါတယ် စည်ပင်သာယာရေး အဖွဲ့အနေနဲ့လည်း အခွန်ကောက်ခံမူအပိုင်းတွေ မှာ အခက်အခဲရှိနေတာတွေ လျှပ်စစ်ဌာနကလည်း အလားတူ မီတာကြေး မပေးဆောင်လို့ အစိုးရထံ အကြွေးတင်နေတာတွေ ရှိကြပါတယ် ဒါတွေကို သည်းခံပြီး အတက်နိုင်ဆုံး လှုံ့ဆော် ကောက်ခံပေးကြပါ အဲ့တာမှ လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ ဒီထက်မက ပိုမိုဖွံ့ဖြိုးတိုးတက်မယ့် မြို့ရွာအဆင့်ရောက်ရှိလာမှာ ဖြစ်တယ်”ဟု ၎င်းကပြောသည်။

မိုးကောင်းမြို့သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းခင်းပေးခြင်း၊ တံတားတည်ဆောက်ပေးခြင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ရရှိသည့် ဘက်ဂျတ်ဖြင့်ဆောင်ရွက်ရခြင်းဖြစ်သလို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးအနေဖြင့်လည်း မြို့ရွာများ လျှပ်စစ်မီး ရရှိစေရေးမှာ ရရှိသည့် ဘဏ္ဍာငွေပေါ်တွင် မူတည်၍ တိုးချဲ့ဆောင်ရွက်ရခြင်းဖြစ်ကြောင် သယံဇာတရေးရာဝန်ကြီးမှ ရှင်းလင်းပြောဆိုခဲ့သည်။

ထို့နောက် သယံဇာတရေးရာဝန်ကြီးမှ မိုးကောင်းမြို့ သာယာလှစေရေးအတွက် ၂၀၂၁/၂၀၂၂ ဘဏ္ဍာ‌ရေးနှစ် အတွင်း လုပ်ဆောင်နေသည့် လမ်းတံတား တည်ဆောက်ပြီးစီးမူများ ပြည်နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို လိုက်လံစစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။