Trending Now

ဖားကန့်သို့ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် ခေါ်ဆောင်လာသူများကို ဥပဒေအရ အရေးယူရန် စီစဉ်နေ

Spread the love

ဖားကန့်သို့ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် ခေါ်ဆောင်လာသူများကို ဥပဒေအရ အရေးယူရန် စီစဉ်နေ

EPN
ဖားကန့်၊ ဇွန် ၂၆

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ မကားပင်ကျေးရွာအနီးရှိ ဆပ်ပြားချောင်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက တရားဝမ၀င် ရောက်ရှိလာသည့် တရုတ်နိုင်ငံသား (၂)ဦးနှင့် ၄င်းတို့အား ခေါ်ဆောင်လာကြသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးနှင့် အတူ ၄င်းတို့အား ခေါ်ဆောင်လာသူနှင့် ယာဉ်မောင်း ဖြစ်သူတို့ကို လ၀ကအက်ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဖားကန့်မြို့ လုံခင်းရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးမှာ Mr Qi Xing နှင့် Mr Teng Zhanfeng ဆိုသူ တို့ဖြစ်ပြီး ၄င်းတို့အား ခေါ်ဆောင်လာသူမှာ ဦးထွန်းရှင်၊ (၂၅)နှစ်၊ (ဘ) ဦးဖူကွေး၊ နယ်မြေ(၁)၊ ရပ်ကွက်(၅)၊ လားရှိုးမြို့နေထိုင်သူ ဖြစ်ကြောင်းနှင့် ယာဉ်မောင်းမှာ ကိုမင်းဇော်၊ (၃၆)နှစ်၊ (ဘ) ဦးထွန်းတင်၊ ယာဉ်မောင်း၊ ဆယ်ဇင်းကျေးရွာ ဖားကန့်မြို့နယ် နေထိုင်သူဖြစ်ကြောင်း သိရသည်။

၄င်းတို့အား စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးနှင့် ဦးထွန်းရှင် ဆိုသူမှာ မန္တလေး- မိုးညှင်း – ဟိုပင်- အင်းတော်ကြီး – မကားပင် လမ်းအတိုင်း ကိုမင်းဇော် မောင်းနှင်သည့် Pajero မော်တော်ယာဉ်ဖြင့် တင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။