Trending Now

မြစ်ကြီးနားမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း တစ်ထောင်ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့် (Happy Water) များ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း တစ်ထောင်ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့် (Happy Water) များ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၃၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့် (Happy Water)များကို မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ပလနနယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၉ ရက်နေ့ မြစ်ကြီးနား တပ်ကုန်းရပ်ကွက် လမ်းသွယ်(၅)တွင်နေထိုင်သည့် မနူးမိုင်ငှားရမ်း နေထိုင်သည့် နေအိမ်အား မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ အခန်းအတွင်းမှ စိတ်ပြောင်း ဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water) အလေးချိန် ၁၂၅ ဂရမ်အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

၎င်းအမျိုးသမီးအား စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၆ နာရီအချိန်ခန့်တွင် ထပ်မံငှားရမ်းနေထိုင်သည့် မြစ်ကြီးနား စီတာပူရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့် (Happy Water) အလေး ချိန် ၉၀၀ ဂရမ်၊ စုစုပေါင်း စိတ်ပြောင်းဆေးဝါးရောစပ်ထားသောအမှုန့် (happy water) အလေးချိန် ၁.၀၂၅ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၂၃၀) အား ပြန်လည်တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဒေါ် နူးမိုင် (၂၅) နှစ်အား ပလနနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမူဖွင့် အရေးယူထားလျက်ရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။