Trending Now

ပြည်သူများအနေဖြင့် ဘဏ်များမှ ပုံမှန်ထက်ပိုမို၍ ငွေသားလာရောက်ထုတ် ယူမှုများရှိကြောင်းကို ဗဟိုဘဏ်သတင်းထုတ်ပြန်ချက်

Spread the love

ပြည်သူများအနေဖြင့် ဘဏ်များမှ ပုံမှန်ထက်ပိုမို၍ ငွေသားလာရောက်ထုတ် ယူမှုများရှိကြောင်းကို ဗဟိုဘဏ်သတင်းထုတ်ပြန်ချက်

၁။ (၂၄-၃-၂၀၂၀)ရက်နေ့မှစ၍ ဘဏ်များနှင့်ဆက်သွယ်ဆောင်ရွက်သူ ပြည်သူများအနေဖြင့် ဘဏ်များမှ ပုံမှန်ထက်ပိုမို၍ ငွေသားလာရောက်ထုတ် ယူမှုများရှိကြောင်း တွေ့ရှိရပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ကြီးကြပ်လျက်ရှိရာ မည်သည့် အခြေအနေတွင်ဖြစ်စေ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် အစီအမံများထားရှိပါ သည်။

၃။ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရန် အစီအမံများ ကြိုတင်ပြုလုပ်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် (၁၃-၃-၂၀၂၀) ရက်နေ့ကတည်းက ဘဏ်များအားလုံးသို့ ညွှန်ကြားထားပြီး ဖြစ်ပါသည်။

၄။ ဘဏ်များအားလုံးသည် မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်များ နှင့်ဆက်သွယ်ဆောင်ရွက်သူ ပြည်သူများအား ငွေထုတ်ပေးခြင်းအပါအဝင် နေ့စဉ်ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်ဖွင့်ရက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အများပြည်သူတို့ ငွေပေးချေမှုများကို အဆင်ပြေစွာဆောင်ရွက်နိုင်စေရန် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း များကို ငွေလွှဲငွေပို့ခြင်းများအတွက် ပုံမှန်ထက် ပမာဏတိုးမြှင့်ဆောင်ရွက် ခွင့်ပြုထားပါသည်။ ဘဏ်များကိုလည်း ဘဏ်ခွဲများတွင်သာမက အလို အလျောက် ငွေထုတ်စက်(Automated Teller Machine-ATM)များတွင်လည်း အချိန်မရွေး ငွေမပြတ်ထုတ်ယူနိုင်ရေး စီစဉ်ထားရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားထားပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#EPN #ဗဟိုဘဏ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။