Trending Now

မိုးကောင်းမြို့နယ်မှ ဓါတ်ခွဲနမူနာ လေးရာကျော်တွင် ပိုးမတွေ့ကြောင်း အတည်ပြု

Spread the love

မိုးကောင်းမြို့နယ်မှ ဓါတ်ခွဲနမူနာ လေးရာကျော်တွင် ပိုးမတွေ့ကြောင်း အတည်ပြု

EPN
မိုးကောင်း၊ ဇွန် ၁၇

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ ပေးပို့ထားသည့် ဓါတ်ခွဲနမူနာများ အနက် (၄၀၅) ဦး၏ ဓါတ်ခွဲအဖြေများ တွင် COVID-19 ပိုးမတွေ့ကြောင်း မိုးကောင်းမြို့နယ် ဆေးရုံအုပ်ကြီးမှ အတည်ပြု ပြောကြားသည်။

မိုးကောင်းမြို့နယ်တွင် မတ်လ(၂၈)ရက်မှ ဇွန်လ (၁၆)ရက်နေ့ အထိ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ (၆၂၄)ဦးနှင့် ကျန်းမာရေးဝန်ထမ်း (၆၃)ဦး စုစုပေါင်း (၆၈၇)ဦးတို့၏ ဓာတ်ခွဲနမူနာများအား COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန် ရန်ကုန်အမျိုးသား ဓါတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးထားရာ (၄၀၅)ဦး၏ ဓါတ်ခွဲ အဖြေရရှိခဲ့ပြီး ယင်း (၄၀၅) ဦးစလုံး၏ ဓာတ်ခွဲအဖြေမှာ ရောဂါပိုး မတွေ့ရှိ(ပိုးမတွေ့)ကြောင်းနှင့် ကျန်ရှိသည့် (၂၈၂)ဦး၏ ဓာတ်ခွဲအဖြေမှာ စီစစ်ဆဲ ဖြစ်ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စံ က ပြောပြသည်။

“လောလောဆယ်မှာ ရရှိတာတော့ (၄၀၅) ဦးရဲ့ ဓါတ်ခွဲအဖြေပေါ့၊ ဝမ်းသာစရာပါပဲ၊ အားလုံးမှာ ပိုးမတွေ့ရှိပါဘူး” ဟု ဒေါက်တာ ကောင်းမြတ်စံက ဆိုသည်။

ထို့အပြင် မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စံက “အစောပိုင်းကတော့ Quarantine ဝင်ရောက်နေသူတွေရဲ့ (၁၀)ရာခိုင်နှုန်းသာ ဓာတ်ခွဲ နမူနာရယူပေမဲ့ အခုနောက်ပိုင်းမှာတော့ ညွှန်ကြားချက်အရ ပြည်တော်ပြန်တွေရဲ့(၁၀၀) ရာခိုင်နှုန်းကို ဓာတ်ခွဲနမူနာ ရယူ‌ပေးပို့ စစ်ဆေးထား ပါတယ်”ဟု ထည့်သွင်းပြောဆိုသည်။

ကချင်ပြည်နယ်တွင် လက်ရ်ှိအချိန်ထိ COVID 19 ပိုးတွေ့လူနာ နှစ်ဦးအထိရှိခဲ့သော်လည်း ပထမဦးဆုံး ပိုးတွေ့လူနာဖြစ်သည့် လူနာအမှတ် ၁၄၄ မှာ ပြန်လည်သက်သာပျောက်ကင်းသွားဖြစ်ပြီး ဇွန်လ ၁၁ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုခဲ့သည့် ကချင်ပြည်နယ်က ဒုတိယမြောက် လူနာ အမှတ် ၂၄၉ သည် လက်ရှိတွင် ဗန်းမော်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေပြီး ၎င်း၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။