Trending Now

ကသာမြို့မှာ လူနေရပ်ကွက်ထဲ မိုင်းထောင်နေတဲ့ လူငယ်တစ်ဦး ကိုယ့်မိုင်းနဲ့ ကိုယ်ပေါက်ကွဲ၍ သေဆုံး

Spread the love

ကသာမြို့မှာ လူနေရပ်ကွက်ထဲ မိုင်းထောင်နေတဲ့ လူငယ်တစ်ဦး ကိုယ့်မိုင်းနဲ့ ကိုယ်ပေါက်ကွဲ၍ သေဆုံး

EPN
ကသာ၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ကသာမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဦးဘိုနီလမ်းကြားမှာ ဖေဖော်ဝါရီ ၂၁ ရက်ည၊ ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ကသာမြို့ခံ လူမှုကူညီရေး အဖွဲ့ထံက သိရပါတယ်။

“ဦးဘိုနီလမ်းကြား ဆိုင်ကယ်ဝပ်ရှော့ဆိုင်ရှေ့က ခုံတန်းလျားမှာ ပေါက်ကွဲပြီး လူငယ်တစ်ယောက် သေဆုံးတာပါ ” လို့ အမှတ် ၄ ရပ်ကွက်ခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ မိုင်းပေါက်ကွဲ လူသေဆုံးတာနဲ့ ပတ်သက်လို့ ကသာမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက “အများပြည်သူနေထိုင်တဲ့ လူနေရပ်ကွက်ထဲ မိုင်းထောင်စဥ် ပေါက်ကွဲပြီး ကိုယ့်မိုင်းနဲ့ ကိုယ်သေတာပါ၊ သေဆုံးသူက လင်းထက်အောင် အသက် ၂၃ နှစ် ၊ (ဘ) ဦးမြထွေး ဆိုသူဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် သေဆုံးသူရဲ့ ကျောပိုးအိတ်ကို စစ်ဆေးရှာဖွေတဲ့အခါ၊ Keypad ဖုန်း ၁ လုံး၊ Redmi Note-8 ဖုန်းတစ်လုံး၊ ကတ်ကြေး ၂ လက်၊ တိတ်အကြည် ၁ ခုတို့အား သိမ်းဆီး ရမိတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။