Trending Now

အမေရိကန် (LGBTQ)ဂေးနိုက်ကလပ်တစ်ခုမှာ သေနတ်သမားဝင်ပစ်လို့ လူ ၅ ဦးသေဆုံး

Spread the love

အမေရိကန် (LGBTQ)ဂေးနိုက်ကလပ်တစ်ခုမှာ သေနတ်သမားဝင်ပစ်လို့ လူ ၅ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပစပရင်းမြို့မှာရှိတဲ့ ဂေးနိုက်ကလပ်တစ်ခုကို အသက်၂၅ နှစ်အရွယ် သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်လို့ လူ ၅ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုဟာ စနေ့နေ့ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သံသယရှိသူ အယ်လ်ဒရစ်ခ်ျ ကိုတော့ အခင်းဖြစ်ပွားရာနေရာမှာပဲ AR-15 ပုံစံ တစ်ပိုင်းအော်တိုမက်တစ်လက်နက် နဲ့ အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

သေနတ်သမား ဝင်ရောက်ပစ်ခတ်ချိန်မှာ နိုက်ကလပ်အတွင်းမှာရှိတဲ့ လူတစ်ယောက်က သေနတ်သမားနဲ့ ထိပ်တိုက်ရင်ဆိုင်ကာ သေနတ်ကို ဆွဲလုလိုက်လို့ ပစ်ခတ်မှုပြီးဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီလူသာ သေနတ်သမားကို မတိုက်ခိုက်ခဲ့ဘူးဆိုရင် အခြေအနေ ပိုဆိုးသွားနိုင်တဲ့အတွက် သေနတ်သမားကို တားဆီးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ကော်လိုရာဒိုစပရင်းစ်မြို့တော်ဝန် ဂျွန်ဆူသာက ပြောပါတယ်။

သေနတ်သမားကို တိုက်ခိုက်ခဲ့တဲ့လူ အပါအဝင် ဒဏ်ရာရရှိသူ ၂၅ ဦးကို ဆေးရုံတင်ထားရပြီး ၇ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ အဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တဲ့ အမုန်းတရားရာဇဝတ်မှု ဟုတ်မဟုတ်ဆိုတာနဲ့ ပူးပေါင်းပါဝင်သူတွေ ရှိမရှိကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ကောင်တီခရိုင်ရှေ့နေ မိုက်ကယ်အယ်လန်က ပြောပါတယ်။

အယ်လ်ဒရစ်ခ်ျဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း မိခင်ဖြစ်သူကို လက်လုပ်ဗုံးအပါဝင် အခြားလက်နက်တွေနဲ့ ခြိမ်းခြောက်လို့ မိခင်ဖြစ်သူက ရဲတိုင်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

–ကိုးကား —
AP
ref; Police: Gunman kills 5 at gay club, is subdued by patrons

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။