Trending Now

အွန်လိုင်းက လူလိမ်ကိုချိန်းတွေ့မိလို့ ဘတ်ငွေ ၁ သိန်း အလိမ်ခံလိုက်ရတဲ့ ထိုင်းအမျိုးသမီး

Spread the love

အွန်လိုင်းက လူလိမ်ကိုချိန်းတွေ့မိလို့ ဘတ်ငွေ ၁ သိန်း အလိမ်ခံလိုက်ရတဲ့ ထိုင်းအမျိုးသမီး

EPN
နိုင်ငံတကာ၊ မတ် ၃၀

ထိုင်းအမျိုးသမီးတစ်ဦးဟာ ဖေ့စ်ဘုတ်က ငွေလိမ်လည်သူ အမျိုးသားတစ်ဦးနဲ့ ချိန်းတွေ့မိခဲ့လို့ ဘတ်ငွေ ၁ သိန်း အလိမ်ခံလိုက်ရတယ်လို့ ထိုင်းသတင်းဌာန တစ်ခုက ဒီနေ့ ဖော်ပြထားပါတယ်။

အသက် ၄၀ နှစ်အရွယ် နာသန်မွန်းဆိုတဲ့ ထိုင်းအမျိုးသမီးဟာ လွန်ခဲ့တဲ့ မတ်လ ၂၄ ရက်က ဖေ့ဘုတ်ကနေ တွေ့ရှိခဲ့တဲ့ အသက် ၄၂ အရွယ် တွမ်ဆိုတဲ့ လူလိမ်အမျိုးသားတစ်ဦးနဲ့ ချစ်သူတွေဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

တွမ်ဆိုတဲ့ အမျိုးသားနဲ့ အပြင်မှာချိန်းတွေ့ဖို့အတွက် သူမဟာ မတ်လ ၂၆ ရက်နေ့က ဘန်ကောက်မြို့ကို သွားရောက်ခဲ့ပြီး အဲ့ဒီအမျိုးသား စီစဉ်ထားတဲ့ ဘန်ကောက်မြို့က ဟိုတယ်မှာ အတူနေထိုင်ခဲ့ကြပါတယ်။

ညပိုင်းမှာတော့ စားသောက်ဆိုင်တစ်ခုကို နှစ်ယောက်အတူ သွားရောက်ကာ ဘီယာသုံးပုလင်းနဲ့ ဝိုင်သုံးပုလင်း သောက်ခဲ့ကြပြီး ဟိုတယ်ပြန်ရောက်တဲ့ အချိန်မှာ သူမက အရမ်းမူးနေတဲ့အတွက် ချက်ချင်း အိပ်ပျော်သွားခဲ့တယ်လို့ ဆိုပါတယ်။

မနက်လင်းလို့ သူမအိပ်ယာက နိုးလာတဲ့အချိန်မှာတော့ ငွေသား ဘတ် ၂၅၀၀၀၊ ၁၅ ဂရမ်အလေးချိန်ရှိတဲ့ ရွှေဆွဲကြိုးအပါဝင် ဘတ် ၁ သိန်းခန့်တန်ဖိုးရှိတဲ့ လက်ဝတ်လက်စားတွေ အားလုံးမတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

မနက် ၇ နာရီမှာ သူမက တွမ်ကို ဆက်သွယ်ခဲ့ပါတယ်။ တွမ်က သူမကို လာခေါ်မယ်လို့ဆိုတာကြောင့် မနက် ၉ နာရီအထိ စောင့်နေခဲ့ပေမယ့် လာရောက်ခေါ်ယူခြင်းမရှိတာကြောင့် အလိမ်ခံလိုက်ရပြီဆိုတာကို သိရတဲ့အတွက် ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို နာသန်မွန်း က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာလည်း အသိပေး ရေးသားဖော်ပြထားပြီး တစ်ခြားအမျိုးသမီးတွေ သူမလို မဖြစ်စေဖို့ အွန်လိုင်းက လူလိမ်တွေဟာ အန္တရာယ်များတယ်လို့ ရေးသားထားပါတယ်။

Ref; thethaiger

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။