Trending Now

မိုးကောင်းမြို့နယ်၊ တောင်နီရွာမှ လူငယ် ၉ ဦးအား အမည်မသိ လက်နက်ကိုင်အဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်သွား

Spread the love

မိုးကောင်းမြို့နယ်၊ တောင်နီရွာမှ လူငယ် ၉ ဦးအား အမည်မသိ လက်နက်ကိုင်အဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်သွား

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ တောင်နီရွာမှ လူငယ် ၉ ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဇန်နဝါရီလ ၁၉ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်၊ တောင်နီရွာမှ လူငယ်များမှာ မင်္ဂလာဆောင်အတွက် လိုအပ်သည့် ထင်းများခုတ်ရန် တောအတွင်းသွားရောက်စဥ် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း တောင်နီရွာ ဒေသခံတစ်ဦးက ပြောသည်။

“မင်္ဂလာဆောင်အတွက် အပျို၊လူပျိုတွေ စုပေါင်းကြီး ထင်းသွားခုတ်တယ်။ အဲ့ဒါကို ရွာဘက်ကလူကသတင်းပေးတော့ ဟိုဘက်က လူတွေက စောင့်ပြီး ဖမ်းခေါ်သွားတာ။ ၃ ယောက်ကတော့ လှည်းမောင်းပြန်ခိုင်းတယ်။ လှည်းတွေပါသွားတာကိုး။ အဲ့ဒီ တစ်ရွာတည်းမဟုတ်ဘူး။ ပင်းကြိုင်းကလည်း ဖမ်းသွားတယ်။ အဲ့ဒီတစ်ရက်တည်း။ ပင်းကြိုင်းကလည်း ရွာထဲမှာပဲ ဖမ်းသွားတာ။ ခုထိတော့ ဘာအဆက်အသွယ်မှ မရသေးဘူး” ဟု ယင်းကပြောသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်အတွင်းရှိ အစိုးရဝန်ထမ်းများနှင့် လူငယ်အချို့ကို အလားတူ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်မှုများ ဖြစ်ပွားလျက်ရှိပြီး၊ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကလည်း ဖားကန့်မြို့နယ်၊ မီးသတ်တပ်ဖွဲ့ ဦးစီးမှူးတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ ယခုထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။