Trending Now

ဒူဘိုင်းဟိုတယ် အပေါ်ကဟတ်စကီးကွင်းမှာ ဒွန်မိုးနဲ့ ထိုးသတ်မယ့် မေဝယ်သာ

Spread the love

ဒူဘိုင်းဟိုတယ် အပေါ်ကဟတ်စကီးကွင်းမှာ ဒွန်မိုးနဲ့ ထိုးသတ်မယ့် မေဝယ်သာ

EPN
အာကစား၊ ဧပြီ ၈

အမေရိကန်လက်ဝှေ့အကျော်အမော် ဖလွိုက်မေဝယ်သာ ဟာသူ့ရဲ့လေ့ကျင့်ဘက်ဟောင်းဖြစ်တဲ့ ဒွန်မိုးနဲ့ ဒူဘိုင်းမြို့ ဟိုတယ်တစ်ခုပေါ်က ဟတ်စကီးရပ်နားကွင်းမှာ သရုပ်ပြပွဲထိုးသတ်သွားမယ်လို့ သိရပါတယ်။

ဒူဘိုင်းရဲ့ နာမည်ကြီး ဇိမ်ခံဟိုတယ်တစ်ခုဖြစ်တဲ့ Burj Al Arab ရဲ့ အပေါ် ဟတ်စကီးကွင်းမှာ လာမယ့်မေလ ၁၄ ရက်နေ့မှာ ထိုးသတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အနားမယူခင်ကသူထိုးသတ်ခဲ့တဲ့ပွဲ ၅၀ စလုံးကိုအရှုံးမရှိခဲ့ဘဲ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မေဝယ်သာဟာ ၁၉ ပွဲမှာ ၁၈ ပွဲနိုင်ပြီး တစ်ပွဲသရေကျခဲ့တဲ့ ဒွန်မိုးနဲ့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဘဲဖြစ်တဲ့ ဒွန်မိုးဟာ လာဗီဂက်စ်မှာရှိတဲ့ မေဝယ်သာရဲ့ဘောက်ဆင်ကလပ်မှာ လေ့ကျင့်ဖော်တွေအဖြစ်အတူလက်တွဲခဲ့ကြဘူးတယ်လို့ သိရပါတယ်။

မေဝယ်သာဟာ ၂၀၁၇ တုန်းက UFC နာမည်ကျော်ဖြစ်တဲ့ ကော်နာမက်ဂရီဂေါ ကိုအနိုင်ရရှိခဲ့ပြီးနောက် သူ့ရဲ့ဘဝထိုးသတ်ပွဲ ၅၀ မှာနိုင်ပွဲ ၅၀ ပြည့်ပြီးအနားယူခဲ့သူဖြစ်ပါတယ်။

မေဝယ်သာဟာ အနားယူခဲ့ပြီဆိုပေမယ့် ကစ်ဘောက်ဆင်သမား နာဆူကာဝါ နဲ့တစ်ကြိမ်၊ YouTuber ဖြစ်တဲ့ လိုဂန်ပေါလ်နဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းကတစ်ကြိမ် ထိုးသတ်ခဲ့ပြီးနောက် ၈ ချီမြောက်မှာ လိုဂန်ပေါလ် ကို အနိုင်ယူခဲ့ပါတယ်။

အခုကျင်းပမယ့်ပွဲကို The Global Titans Fight Series လို့အမည်ပေးထားပြီး ကမ္ဘာ တစ်ဝှမ်းကို တိုက်ရိုက်ပြရုပ်သံ ထုတ်လွင့်ပြသသွားမယ်လို့ သိရပါတယ်။

Source – revolt – 90 min

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။