Trending Now

ကချင်အထူးဒေသ ၁၊ မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုမှ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ရှိ ဆရာတော်ကြီးများအား နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်

Spread the love

ကချင်အထူးဒေသ ၁၊ မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုမှ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ရှိ ဆရာတော်ကြီးများအား နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်

EPN
မြစ်ကြီးနား၊ အောက်တိုဘာလ ၂၁ (၂၀၂၃)

ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှုထားကာ မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုဝင်များမှ အောက်တိုဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့ရှိ မစိုးရိမ်ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေကြသည့် ဆရာတော်ကြီးများအား နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှူတွင် မစိုးရိမ်တိုက်သစ်၊ မဟာနာယကချုပ်၊ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့၊ ဒုတိယ ဥက္ကဌ ဆရာတော်၊ သ.စ.အ ဓမ္မာစရိယ၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်၊ အဂ္ဂမဟာ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ သ.စ.အ ဓမ္မာစရိယ ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ နှင့် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသ၊ ဦးဝီရသူ တို့အား နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

၎င်းအပြင် အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း မစိုးရိမ်တိုက်သစ်အတွင်း သတင်းသုံးနေထိုင်တော်မှုကြသည့် ဆရာတော်ကြီးများ၊ စာသင်သား ဆရာတော်၊ သံဃာတော် (၂၃၀၀) ကျော်ကိုလည်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။