Trending Now

မြန်မာ – ထိုင်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် UMFCCI ဥက္ကဋ္ဌနှင့် ထိုင်းအသံအမတ်ကြီးတို့ ဆွေးနွေး

Spread the love

မြန်မာ – ထိုင်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် UMFCCI ဥက္ကဋ္ဌနှင့် ထိုင်းအသံအမတ်ကြီးတို့ ဆွေးနွေး

EPN
ရန်ကုန်၊ ဇန်နဝါရီ ၁၈ (၂၀၂၄)

မြန်မာ – ထိုင်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအသံအမတ်ကြီးတို့ ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့၊ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

UMFCCI ဥက္ကဋ္ဌဦးအေးဝင်းနှင့် တာဝန်ရှိသူများအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအသံအမတ်ကြီးနှင့် တာဝန်ရှိသူများက UMFCCI အသင်းချုပ်ရုံး၌ လာရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တွေ့ဆုံပြီးနောက် မြန်မာ – ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်မှု အားကောင်းစေရေး၊ စီးပွားရေးတိုးချဲ့ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ နို့နှင့် နို့ထွက်ပစ္စည်းများအပါအဝင် ပို့ကုန်၊ သွင်းကုန်ကဏ္ဍအတွက် သယ်ယူပို့ဆောင်ရေးလမ်း ကြောင်းများ အဆင်ပြေချောမွေ့စေရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံများ မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။