Trending Now

ဘာလီမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတနဲ့ ရုရှားသမ္မတ တက်ရောက်မယ်လို့ အင်ဒိုနီးရှားသမ္မတ ပြော

Spread the love

ဘာလီမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတနဲ့ ရုရှားသမ္မတ တက်ရောက်မယ်လို့ အင်ဒိုနီးရှားသမ္မတ ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၀

တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့ဟာ နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နိုင်ငံ ၂၀ အဖွဲ့ G20 ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို က ပြောပါတယ်။

ယူကရိန်းဟာ G20 အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ အင်ဒိုနီးရှားဟာ ယူကရိန်းသမ္မတ ဇလန်ဇကီကိုလည်း အဲဒီအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

အခုနှစ် G20 ထိပ်သီးအစည်းအဝေးရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုက တရုတ်သမ္မတနဲ့ ရုရှားသမ္မတတို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်မယ့် အဲဒီထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ ဖြစ်တယ်လို့ ကြာသာပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

ပူတင်း နဲ့ ဂျိုကိုတို့ဟာ ဟာ G20 ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုတွေနဲ့ စားနပ်ရိက္ခာ လုံခြုံရေးအကြောင်းကို တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားသမ္မတရုံးက ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအစည်းအဝေးကို သမ္မတပူတင် ဟာ လူကိုယ်တိုင် ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ တက်ရောက်မှာလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

G20 ရဲ့ အနောက်တိုင်းအဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်မှာကို ကန့်ကွက်နေကြပါတယ်။

ဇလန်ဇကီ က အဲဒီဖိတ်ကြားချက်အပေါ် သူ့ရဲ့ တုံ့ပြန်မှုဟာ အဲဒီအစည်းအဝေးကို ဘယ်သူတက်ရောက်မလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ဇွန်လမှာ ပြောကြားခဲ့ပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။