Trending Now

အင်ဒိုနီးရှားက နိုင်ငံတကာ စားအုန်းဆီတင်ပို့မှု တားမြစ်ချက်ကို ရုပ်သိမ်း

Spread the love

အင်ဒိုနီးရှားက နိုင်ငံတကာ စားအုန်းဆီတင်ပို့မှု တားမြစ်ချက်ကို ရုပ်သိမ်း

EPN
နိုင်ငံတကာ၊ မေ ၂၃

၂၀၂၂ ခုနှစ် ဧပြီလနောင်းပိုင်းကတည်းက ပြည်ပစားအုန်းဆီတင်ပို့မှုရပ်ဆိုင်းခဲ့တဲ့ အင်ဒိုနီးရှားဟာ စားအုန်းဆီတင်ပို့မှု တားမြစ်ချက်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး အင်ဒိုနီးရှားအဏာပိုင်တွေက ဧပြီလနှောင်းပိုင်းကတည်းက ပြည်ပနိုင်ငံတွေကို စားအုံးဆီတင်ပို့မှု ပိတ်ပင်ခဲ့တာပါ။

စားအုန်းဆီဟာ အစားအသောက်တွင်သာမက အလှကုန်အပါအဝင် အခြားထုတ်ကုန်တွေမှာလည်း အသုံးပြုတာကြောင့် အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက် ၇၀ ရာခိုင်နှုန်းအထိ စားသုံးဆီတွေမြှင့်တက်လာခဲ့ပါတယ်။

အခုလို စားအုန်းဆီ တင်ပို့မှု တားမြစ်ချက်ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဟာ ရေနံရောင်းလိုအား တည်ငြိမ်ရန်နဲ့ စားအုန်းဆီထုတ်လုပ်မှုလုပ်ငန်း ပိတ်ပင်ထားတာကြောင့် နိုင်ငံအတွင်း ဆုံးရှုံးသွားခဲ့တဲ့ အလုပ်အကိုင်ပေါင်း ၁၇ သန်းခန့်ကို ပြန်လည်ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားရဲ့ စားအုန်းဆီ တင်ပို့မှု အပြောင်းအလဲကြောင့် ကမ္ဘာတစ်ဝှမ်းရှိ စားအုန်းဆီနဲ့ အခြားဟင်းချက်ဆီဈေးတွေအပေါ်မှာ ဖိအားလျော့ကျသွားမလားဆိုတာကို စီးပွားရေးပညာရှင်တွေက စောင့်ကြည့်နေကြပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။