Trending Now

တရုတ်နိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှု စံချိန်တင်မြင့်တက်လာလို့ ပိတ်ဆို့မှုတွေထပ်မံတိုးမြင့်

Spread the love

တရုတ်နိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှု စံချိန်တင်မြင့်တက်လာလို့ ပိတ်ဆို့မှုတွေထပ်မံတိုးမြင့်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄

တရုတ်နိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှု နေ့စဉ် စံချိန်တင်မြင့်တက်လာလို့ ကျန်ကျိုးမြို့အပါအဝင် အဓိကမြို့ကြီးတွေမှာ ပိတ်ဆို့လော့ဒေါင်းချမှုတွေ တိုးမြင့်လုပ်ဆောင်နေပါတယ်။

လူဦးရေ စုစုပေါင်း ၆.၆ သန်းရှိတဲ့ ကျန်းကျိုး ခရိုင်ရှစ်ခုက လူတွေကို အစားဝယ်ဖို့၊ ဆေးဝါးကုသဖို့က လွဲလို့ ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ ကနေ နောက်ငါးရက်အထိ အိမ်ထဲက အပြင်မထွက်ဖို့ အမိန့်ပေးထားပါတယ်။

တရုတ်နိုင်ငံတစ်ဝှမ်းမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင် ရောဂါကူးစက်ခံရသူ အသစ်အရေအတွက် ၃၁၄၄၄ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုဗစ်စတင်တွေ့ရှိပြီးနောက်ပိုင်း နေ့စဉ်တွေ့ရှိတဲ့ အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။

တရုတ်ကျန်းမာရေးဌာနရဲ့ အစီရင်ခံချက်တွေအရ ရောဂါဖြစ်ပွားမှုဟာ နေ့စဉ်တဖြည်းဖြည်းတိုးလာနေပြီး ခြောက်လအတွင်း ကိုဗစ်ကြောင့် ပထမဆုံး သေဆုံးမှုကို အစီရင်ခံခဲ့ပါတယ်။

— ကိုးကား —
AP
Ref; China expands lockdowns as COVID-19 cases hit daily record

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။